1

20.5K 365 10
                                    

💌 Part - 1 💌
---------------

လေယာဥ်ဘီးချလိုက်သံကြားလိုက်တော့ ယှက်ပိတ်ထားသည့်မျက်လုံးတွေ ပွင့်လာခဲ့ပြီး ပြန်ရောက်ပြီဆိုသောအသိဖြင့် ရင်ထဲလှိုက်မောသွားမိကာ ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်မိသည်။
ခေတ်မီသောလေယာဥ်ကွင်းရဲ့အပြင်အဆင်က ထွက်လာကာစနှင့်မတူတာမို့ တစ်ချက်ပြုံးမိကာ ဒီနေရာဟာ တိုးတက်နေပြီဆိုတာ မျက်မြင်။

လေယာဥ်ပေါ်ကဆင်းလာခဲ့တော့ မာမီ့ကိုတွေ့ချင်စိတ်ဖြင့် ခြေလှမ်းတွေသွက်နေခဲ့ကာ Immigrationအခန်းက ထွက်ခွင့်ရသည်နှင့် အပြေးတပိုင်းထွက်လာခဲ့သည်။
ခပ်လှမ်းလှမ်းမှာ ကြိုဆိုနေသော လူအုပ်ကို တစ်ချက်ဝေ့ကြည့်တော့ မာမီ့ကိုမတွေ့ရဘဲ ကိုကို့ကိုသာ အရင်ဆုံးမြင်လိုက်ရ၏။

"ခစား ဒီမှာဟေ့"

ကိုကိုက သူ့ကိုမြင်လိုက်သည်နှင့် လက်ပြကာခပ်ကျယ်ကျယ်အော်ခေါ်လိုက်၍ သူဟာ ကလေးတစ်ယောက်လို ကိုကို့ဆီပြေးသွားမိသည်။
ကိုကိုက အရင်ကထက်ပိုပြီးရင့်ကျက်လာသလို လူကြီးလူကောင်းဆန်ဆန်ဖြင့် တည်ငြိမ်နေခဲ့၏။
သို့သော် ကိုကိုကတစ်ယောက်တည်း…

"မာမီရော"

"မာမီက ဒီမနက်ကမှသွေးတိုးနေလို့ မခေါ်ခဲ့တာ ကြည့်စမ်းပါဦးငါ့ညီရာ မင်းအရပ်ကြီးရှည်လာလိုက်တာ"

ဟိုးအရင်ကလိုနွေးထွေးမှုဖြင့် သူ့ပခုံးကိုတစ်ချက်ပုတ်ကာ နွေးထွေးစွာပြောလာသော ကိုကို့ကြောင့် တစ်ချက်ရယ်မိရင်း နားရွက်ကိုဖိပွတ်လိုက်မိသည်။
သူဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ ကိုကို့ရှေ့မှာတော့ ကလေးတစ်ယောက်သာ…

"ကိုကိုတစ်ယောက်တည်းပေါ့ အဲ့ဒါဆို"

"ဘယ်ကသာ အဟွန်း.."

ထူးဆန်းသောကိုကို့ရယ်သံကြောင့် သူ မျက်ခုံးတွေပင့်တက်သွားရပြီး စော်ရှိနေပြီလားဟုသောအတွေးဖြင့် မယုံသလို ခပ်စူးစူးကြည့်လိုက်မိသည်။
ထိုအခါမှ ကိုကိုက တဟားဟားရယ်ကာ သူ့ပခုံးကိုဖက်ပြီး ထိုင်ခုံလေးတွေရှိသောနေရာကို မေးဆတ်ပြ၍ အကြည့်က ထိုနေရာကိုရောက်သွားခဲ့သည်။

ခါးလောက်အထိရှည်သော ဆံနွယ်တို့က ချောကလက်ရောင်သမ်းပြီး ဖြောင့်စင်းပျော့နွဲ့နေကာ ကျောပေးရင်းဖုန်းပြောနေသော မိန်းကလေးတစ်ယောက်။
ဒီပုံစံ၊ ဒီခန္ဓာကိုယ်ဟာ တစ်ချိန်ကရင်းနှီးခဲ့ဖူးသူကို ပြန်သတိရသွားစေကာ ရင်ထဲဒိန်းခနဲဖြစ်သွားမိသလို…

မိုးမြေခစားWhere stories live. Discover now