12

6.9K 258 3
                                    

💌 Part - 12 💌
---------------

ဒေါသဖြစ်ဖြစ်နှင့် မွေ့ရာပေါ်ပစ်ချလိုက်ပေမယ့် အိခနဲနစ်ဝင်သွားရုံမှတစ်ပါး မိုးမြေကဘာမှဖြစ်မသွားဘဲ လူးလဲထထိုင်၏။
ဖြူနုသောအသားအရောင်က မီးရောင်အောက်မှာ ဝင်းစက်နေကာ မျက်စောင်းထိုးနေသော မိုးမြေသည် နှုတ်ခမ်းနီရဲရဲဖြင့် တကယ့်Sexyဖြစ်သည်။
သို့သော် ထိုအလှအပတွေသည် ကြည့်ချင်စရာ၊ ထိတွေ့ချင်စရာ ရမ္မက်တွေဖြစ်မလာဘဲ ဒေါသတွေကိုသာ ပိုပြီးလှိုင်းထန်လာစေသည်။

"တော်တော်ပြချင်နေတယ်ဟုတ်လား"

"နင်ကျတော့ထည်လဲတွဲပြီး ငါ့ကိုမှလိုက်တားနေတာရော တရားရဲ့လား"

"တရားတယ် မင်းကိုငါ ပိုက်ဆံတွေပိုပေးတာ ဒီလိုတိုနံ့နံ့တွေဝတ်ပြီး အပျက်မ,တွေလို တက်က,ဖို့မဟုတ်ဘူး"

"မင်းခစား"

"ပါးစပ်ပိတ်ထားစမ်း"

ဒေါသတွေပိုဆိုးလာသည်နှင့် စားပွဲပေါ်တင်ထားသမျှပစ္စည်းတွေကို လက်ပြန်ရိုက်ချပစ်တော့ ပစ္စည်းကွဲရှသံတွေဆူညံသွားပြီး စိတ်တိုနေသောမိုးမြေသည် တွန့်ခနဲဖြစ်သွားသည်။
သို့သော် ခဏမျှသာဖြစ်ကာ ပြန်လည်မာကျောလာသောမျက်နှာက သူ့ကိုပိုပြီးဒေါသဖြစ်စေသည်။
နည်းနည်းလေးမှ ထောင့်မကျိုးသည့်မိန်းမ…

"ငါက နင့်လိုအပျော်သဘောနဲ့ရည်းစားတွေလျှောက်တွဲနေတာမဟုတ်ဘူး ခစား.. နင့်စာချုပ်ထဲမှာ နင့်အလုပ်ကိုလုပ်နေတုန်း တခြားအလုပ်မလုပ်ရဘူးလို့မပါဘူး"

"ဘာ!"

"ငါက ငါ့အလုပ်ကိုငါလုပ်နေတာ"

"အလုပ်.. ဟုတ်လား.. ဒီရုပ်ကလေး၊ ဒီခန္ဓာကိုယ်လေးဘမ်းပြပြီး ချူစားနေတာ မင်းအလုပ်လား"

"နင်မစော်ကားနဲ့ ခစား"

"ပြောပြတာလေ မင်းဟိုရက်က ငါ့ရည်းစားဟန်ဆောင်ပြီး ငါ့ကိုနမ်းတယ် ငါဖက်ရင်၊ လက်ကိုင်ရင်မင်းငြိမ်ခံနေရတယ် တခြားကောင်တွေရော အဲ့လိုပဲမလား
ငွေပေးရင်ထိချင်တိုင်း ထိလို့ရတဲ့မင်းကို အဲ့လိုမပြောရင်ဘယ်လို.."

စကားမဆုံးခင် လွှဲရိုက်လာသည့်လက်တစ်ဖက်ကြောင့် သူ မိုးမြေ၏လက်ကိုဖမ်းဆုပ်ကာ သူမတစ်ကိုယ်လုံးကိုဆွဲယူပြီး နံရံမှာဖိချုပ်ပစ်လိုက်၏။
အရိုင်းစိတ်ဝင်နေသော ကျားရဲတစ်ကောင်လို အော်ဟစ်ရုန်းကန်နေသောသူမကြောင့် အရွဲ့တိုက်လိုစိတ်တွေ တဖွားဖွားဖြစ်လာရပြီး နီရဲနေသောနှုတ်ခမ်းတွေကို ဖိကပ်နမ်းပစ်လိုက်သည်။
နူးညံ့အိစက်သော အထိအတွေ့ဖြစ်ပေမယ့် နှုတ်ခမ်းဆိုးဆေးကြောင့် ခါးသက်နေကာ မိုးမြေက အတင်းတွန်းထိုးပြီး ပြန်ရုန်းနေသည်။

မိုးမြေခစားWhere stories live. Discover now