မင်းကိုငါခွင့်မလွှတ်နိုင်ဘူး ခစား
မင်းရဲ့အမှန်တရားကို ငါ ရအောင်ဖော်ထုတ်ပြမယ် ညီလေး...

💌💌💌💌💌💌

ဘယ်နေရာမှန်းမသိသော ကျွန်းတစ်ခုပေါ်မှာ ဒီကောင်စုတ်နှင့်အတူ နေရတာ ၅ရက်ရှိပြီဖြစ်ကာ ခစားသည် ဒီကျွန်းပေါ်မှာပဲ တစ်သက်လုံးစခန်းချဖို့ကြံစည်ထားသလားမသိ။
အသီးအရွက်နှင့် အသားငါးတွေကို ရေခဲသေတ္တာထဲအပြည့်ထည့်ထားကာ Solarလည်းရှိတာမို့ မီးပျက်မှာလည်းမပူရ။
သူ ဖုန်းကိုင်တာလည်းမတွေ့သလို Laptopကိုလည်း Passwordမသိသောကြောင့် ဘယ်ကိုမှဆက်သွယ်လို့မရဘဲ ဒီနေရာမှာပဲ သူနဲ့အတူပိတ်မိနေခဲ့သည်။

သားသားရောအဆင်ပြေပါ့မလားဟု သတိရမိပေမယ့် နေရာတကာတွင် စေ့စပ်သေချာသော မင်းခစားဟာ သားသားအတွက် တစ်ခုခုစီစဥ်ပေးထားခဲ့လောက်သည်။
ကိုကြီးကရော သားသားကို ဖိနှိပ်အစ်အောက်ပြီး မိုးမြေအကြောင်းမေးနေမလားဟု စိုးရိမ်သွားမိသည့်အခါ အေးအေးလူလူအုန်းရည်သောက်နေသော သူ့ကိုအမြင်ကတ်သွားမိ၏။

"ဘာလို့မျက်စောင်းပဲထိုးနေတာလဲ Candyလေး ဘာကိုမကျေနပ်နေတာလဲ"

"ငါ သားသားနဲ့စကားပြောချင်တာ"

"အဲ့ကောင် အေးအေးဆေးဆေးပါပဲ မင်းသာ ငါနဲ့အေးအေးဆေးဆေးနေစမ်းပါ"

"မနေနိုင်ပါဘူး ငါ့မောင်လေးက မျက်စိသွေးကြောတွေပေါက်နေပြီ မျက်စိကွယ်တော့မှာ ဒီကာလအတွင်းငါ့မျက်နှာကို သူ မမြင်ရရင် နောက်ဘယ်လိုလုပ် မှတ်မိမှာလဲ နင် ကိုယ်ချင်းစာစိတ်ကိုမရှိဘူး အဟင့်!"

သားသားအကြောင်းပါလာတိုင်း သူမ ငိုချင်လာခဲ့ကာ ဘဝကံဆိုးလွန်းသောမောင်လေးကို ဖေဖေမရှိသည့်နောက်ပိုင်း တစ်ရက်မတွေ့ရရင်မနေနိုင်ခဲ့၍ အလုပ်ခရီးတောင်မထွက်ဖြစ်။
အခုလည်း မျက်စိကွယ်ခါနီးပြီမို့ စိတ်မချလွန်း၍ လက်ထပ်ပြီးသည့်နောက် ကိုယ်နဲ့နေဖို့ခေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ သားသားရဲ့အဝေးမှာ အသံလေးတောင်ကြားခွင့်မရ။
မကျေနပ်လွန်း၍ သူ့ကျောပြင်ကြီးကို စိတ်ရှိလက်ရှိထုနှက်ပစ်ရင်း ငိုချလိုက်မိတော့ သူက ရယ်သံတိုးတိုးဖြင့် မိုးမြေနှာခေါင်းဖျားကို ဆွဲလိမ်သည်။

မိုးမြေခစားWhere stories live. Discover now