"မင်းကိုနှောက်ယှက်သလို ဖြစ်သွားရင် Sorryပါ"

ထိုလူက မိုးမြေကို လေးလေးနက်နက်တောင်းပန်လာသည့်အခါမှ အားနာစိတ်ကလေးဝင်သွားမိကာ စူပုတ်နေမိသော မျက်နှာထားကို နည်းနည်းပြင်လိုက်သည်။
သူ့ဘက်က စေတနာနှင့်တောင်းဆိုမှုကို မိုးမြေဘက်က ရိုင်းစိုင်းစွာငြင်းသလို ဖြစ်သွားခဲ့ပြီမဟုတ်လား...

"ကျွန်မ နည်းနည်းလွန်သွားတယ်ထင်တယ် တောင်းပန်ပါတယ်
ရှင့်ကိုကြည့်ရတာ လူကုံထံမိသားစုထဲကပဲ ကျွန်မအဲ့လိုလူတွေကို ပိုပြီးမပတ်သက်ချင်ဘူး ဒါကြောင့်မို့ ကျွန်မကိုလာမပတ်သက်ပါနဲ့ ကျွန်မ ရှင့်ကိုစိတ်ဝင်စားလာမှာမဟုတ်ဘူး"

"အဲ့ဒါကတော့မင်းအပိုင်းလေ ချာတိတ်ရယ် ကိုယ်က မင်းကို ၃နှစ်လောက်လိုက်ရှာခဲ့ရတာ ပြန်တွေ့ခွင့်ရရင်တွေ့ချင်ခဲ့တာ အခုမှမဟုတ်ဘူး
စိတ်မဝင်စားတာ၊ ပြန်မချစ်တာက မင်းကိစ္စပါ ကိုယ်ကတော့ နေ့တိုင်းလာကြည့်မှာ မင်းကိုစကားလာမပြောတော့ဘူးလေ အဲ့ဒါဆိုရပါတယ်"

"ကျစ်!"

"ဂရုစိုက်ပြန်နော် ကိုယ် မနှောက်ယှက်တော့ဘူး"

ထိုလူကြီးဟာ မိုးမြေကိုနှုတ်ဆက်ပြီး ပြန်လှည့်သွားသည့်အခါ သူမ စိတ်ဆိုးရမလို၊ လိုက်တောင်းပန်ရတော့မလိုဖြစ်သွားမိသည်။
သို့သော် စိတ်ကိုပြန်တင်းပစ်လိုက်ရင်း ကိုယ့်ကိုယ်ကိုမှန်ကန်ကြောင်း ထောက်ခံကာ ခေါင်းကိုပြန်မော့ပစ်လိုက်မိသည်။

ကျားဆို ဘယ်ကျားမှမကောင်းဘူး...

💌💌💌💌💌💌

"သွားရလာရတာ အဆင်ပြေရဲ့လား မိုးမြေ"

"ဟုတ်ကဲ့ ပြေပါတယ်"

ကိုကောင်းထက်နှင့်ရတနာက မိုးမြေအပေါ်ညီမလေးတစ်ယောက်လို စောင့်ရှောက်နေဆဲဖြစ်ပြီး အိမ်ကိုလည်း အမြဲဝင်ထွက်နေသူတွေဖြစ်သည်။
ခစားရဲ့တခြားသူငယ်ချင်းတွေကလည်း မိုးမြေနှင့် အဆက်အသွယ်မပြတ်ကြဘဲ အကူအညီလိုတိုင်းလည်း အဆင်သင့်ဖြစ်နေတတ်ကြသည်။

မိုးမြေလုပ်ချင်ခဲ့သော ဒီAA Medicalမှာတောင် ကိုဖိုးချမ်း၏အဆက်အစပ်ဖြင့် ရခဲ့ခြင်းဖြစ်ပြီး သူတို့တွေဟာ မိုးမြေအတွက်တော့ ခစားရဲ့သူငယ်ချင်းတွေမဟုတ်ဘဲ မိုးမြေရဲ့အစ်ကိုတွေလိုပင်။
ယုတ်စွအဆုံး ခစားရဲ့အဖေရင်းဆိုသော ဦးလေးကြီးတောင် မိုးမြေနှင့်ရင်းနှီးနေခဲ့ပြီး ထိုသူတွေအားလုံးကို မိုးမြေတောင်းဆိုခဲ့တာက တစ်ခုတည်း...

မိုးမြေခစားWhere stories live. Discover now