"ကျွန်တော့်ကိုဖုန်းပြန်ဆက်ပေးပါ ဦးလေး သူဘယ်လိုနေလဲသိချင်တယ် ကျွန်တော်ထွက်ပြေးမှာစိုးလို့ မာမီ့ကိုအကြောင်းကြားတာမျိုး ထပ်မလုပ်ပါနဲ့ဦးလေး ကျွန်တော်ဒီမှာပဲရှိမယ် မိုးမြေအကြောင်းပဲစုံစမ်းပေးပါ"

"စုံစမ်းပေးပါ့မယ် လူလေးသာ မေမီ့ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့"

ဦးလေးကလည်း မာမီ့ကိုသိပ်ချစ်တာပဲ...
သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်းကိုပါပိတ်ပစ်လိုက်ကာ ခပ်ဝေးဝေးကိုလှမ်းမျှော်ကြည့်မိတော့ Cambridgeမြို့ရဲ့ရှုခင်းကို မြင်တွေ့ရသည်။
ဒီနေရာမှာ မိုးမြေမရှိဘဲ လေးနှစ်တောင်နေရမည်မို့ Cambridgeရဲ့အလှအပတွေသည်လည်း ခံစားချင်စရာမကောင်းဘဲ စိတ်ပျက်စရာအတိ။

မင်းကတော့ ပြင်သစ်ကို သဘောကျတာမလား Baby...
တစ်နေ့နေ့ကျရင် ပြင်သစ်တစ်နိုင်ငံလုံးမှာ မင်းခြေရာတွေထပ်နေအောင် ငါလိုက်ပို့ပေးမယ်...
မင်းရယ် ငါရယ် နှစ်ယောက်တည်းလေ...

💌💌💌💌💌💌

"မရဘူး ကျွန်တော်လက်မခံဘူး ကိုရာဇ.. ခစားမသိလို့ဖြစ်ခဲ့တဲ့ဒီပြဿနာတွေကို ဆက်ပြီးဖုံးပေးဖို့ ကျွန်တော့်မှာစိတ်ကူးမရှိဘူး"

"ငါလည်းပြန်ပြောလိုက်မယ် နေသွေး.. မင်းတို့ကသူငယ်ချင်းကောင်းပါ ဒါပေမယ့် ဒီကောင်ထင်ရာစိုင်းနေတော့လည်း မင်းတို့ပါခဲ့တာပဲမလား သူ့ဝင်ငွေအားလုံးကို ဒီမိန်းမကိုပေးခဲ့တယ်ဆိုကတည်းက ဒါသွေးရိုးသားရိုးဖြစ်နိုင်ရဲ့လား"

"ဖြစ်နိုင်တယ် ခစားကသူငယ်နှပ်စားမဟုတ်ဘူး"

"သူငယ်နှပ်စားမဟုတ်ပေမယ့် မိန်းမတစ်ယောက်က မာယာတွေထုတ်သုံးလာရင် ဘယ်ယောကျာ်းမှမခံနိုင်ဘူး နေသွေး.. မင်းနဲ့ငါ ပြိုင်ငြင်းနေဖို့အချိန်မရှိဘူး
အကယ်၍များ ဒီကိစ္စကို ငါ့ညီပြန်သိသွားတဲ့တစ်နေ့ ငါ့ညီပဲနာကျင်ရမှာ"

"ဒါဆို ဘာလို့လုပ်ခဲ့သေးတာလဲ"

"လိုအပ်လို့လုပ်တာကွ မင်းတို့လူငယ်တွေက ဂုဏ်သိက္ခာဆိုတာကို ကားစတစ်ကာပွန်းမှာလောက်တောင် စိတ်မဝင်စားကြဘူး မင်းသာသူငယ်ချင်းကောင်းပီသရင် ငါ့ညီနာကျင်ရမယ့်ကိစ္စမှာ ရေငုံနှုတ်ပိတ်နေလိုက်ပါ"

မိုးမြေခစားWhere stories live. Discover now