"ကြာမှာလား ခစား"

"မကြာပါဘူး ၁၁နာရီလောက်ပြန်ရောက်မယ် နေရဲရဲ့လား ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မလား"

ဟု မှင်သေစွာမေးနေသေး၍ သူဟာ အလွန်ဟန်ဆောင်ကောင်းသူလား၊ ဒါမှမဟုတ် တကယ်ပဲ ကားပြိုင်ပွဲမဟုတ်ဘူးလား…
မိုးမြေမှာသာ အတွေးတွေများနေပေမယ့် သူက သားရေဂျာကင်ကိုထပ်ဝတ်ကာ နာရီပတ်နေရာမှ မိုးမြေနားအထိလျှောက်လာပြီး ပါးတစ်ဖက်ကိုငုံ့နမ်းသည်။

"မေးနေတာကိုကွာ"

"မလိုက်တော့ဘူး ငါ စာလုပ်ဦးမယ် စာမေးပွဲကသိပ်မလိုတော့ဘူး Level 3ကပိုမြင့်တယ်"

"အင်းပါ စားချင်တာရှိလာရင် ဖုန်းဆက်လိုက်နော် အပြန်ကျဝယ်ခဲ့ပေးမယ် Aww.. Graveမှာလည်း ကျူသွားထိုးမနေနဲ့ဦး"

"အင်းပါ"

"သွားပြီ"

သူက အပြင်သွားခါနီး နှုတ်ဆက်နေကျအတိုင်း မိုးမြေနဖူးလေးကိုထပ်နမ်းကာ ကားသော့ကိုယူပြီး အခန်းထဲကထွက်သွားလေ၏။
ထိုအခါမှ မိုးမြေသည် အိပ်ခန်းထဲအပြေးဝင်ကာ အဝတ်အစားလဲပြီး ဖုန်းနှင့်ပိုက်ဆံအိတ်ကို အိတ်ထဲသို့ထည့်ကာ အိတ်ကိုစလွယ်သိုင်းပြီး အခန်းထဲကထွက်လာခဲ့သည်။
ကားပါကင်ကိုရောက်တော့ ခစားရဲ့ကား မရှိတော့ပြီမို့ လမ်းမပေါ်အပြေးတက်ကာ Taxiတစ်စီးငှားလိုက်ပြီး လေယာဥ်ကွင်းဟောင်းသို့ ဦးတည်လိုက်သည်။

ကားပြိုင်မောင်းသည့်ကိစ္စကို မိုးမြေဘယ်လိုမှသဘောမကျဘဲ သူ ထိခိုက်မှာကိုလည်း စိုးရိမ်မိသောကြောင့် တားဆီးခဲ့သည်။
မပြိုင်တော့ပါဘူးဆိုသည့် ကတိစကားပေးထားပါလျက် ထိုကတိကိုဖောက်ဖျက်သွားသလားဟု သိချင်မိကာ အကယ်၍ဖောက်ဖျက်ခဲ့လျှင်တော့ ခစားကိုစိတ်ဆိုးပစ်ဦးမည်။

လေယာဥ်ကွင်းဟောင်းကိုရောက်တော့ မိုးမြေတို့အရွယ် ယောကျာ်းလေး၊ မိန်းကလေးအတော်များများကိုတွေ့ရပြီး ကားအကောင်းစားတွေကိုလည်း တစ်စုတစ်စည်းတည်းတွေ့လိုက်ရ၏။
လူ့မလိုင်သားသမီးတွေ၏ အပျော်တမ်းငွေဖြုန်းသောနေရာမို့ မိုးမြေနှင့်အလှမ်းကွာဝေးပြီး ဒီနေရာမှာ ခစားကိုဘယ်နေရာမှာရှာရမလဲမသိ။

မိုးမြေခစားWhere stories live. Discover now