"လူမှားနေပြီ"

မိုးမြေက ရှက်ကိုးရှက်ကန်းဖြင့် ပြောင်ပြောင်တင်းတင်းငြင်းဆန်လာပြီး ခြေဖျားလေးထောက်ကာ သူ့လည်ပင်းကိုသိုင်းဖက်၏။
ချွဲနွဲ့နေပုံလေးက အသည်းယားစရာကောင်းလွန်းလှ၍ သူမကိုယ်လေးကိုပွေ့ယူကာ စားပွဲပေါ်ပွေ့တင်လိုက်ပြီး နှုတ်ခမ်းလေးကိုနမ်းမိသည်။
သူ့နှုတ်ခမ်းတွေကို ပြန်နမ်းလာသော ချစ်စဖွယ်နှုတ်ခမ်းလေးကလည်း အသည်းယားစရာကောင်းလွန်းလှ၏။

တစ်စွန်းတစ်စပေါ်နေသော ညှပ်ရိုးလေးတွေကလည်း ဖြားယောင်းသွေးဆောင်နေ၍ ရှပ်အင်္ကျီကြယ်သီးတွေကိုဖြုတ်ပစ်လိုက်ပြီး ထိုညှပ်ရိုးလေးတွေကို ဖိနှစ်နမ်းပစ်လိုက်သည်။
ထိုအခါ သူမကမျက်နှာလေးမော့ကာ ကိုယ်လေးကို တွန့်လိမ်နေရင်း တခစ်ခစ်ရယ်ပြီး…

"ယားတယ် ခစ်! ခစ်!"

"ဘာလို့အဲ့လောက်ချစ်စရာကောင်းနေတာလဲ"

"Sexyကျလို့နေမှာပေါ့"

"မဆိုင်ပါဘူး Sexyကျတဲ့စော်တွေ အများကြီးမြင်ဖူးတယ် ဒါပေမယ့်မင်းကိုပိုကြိုက်တယ်"

"ဘာလို့လဲ"

"တခြားမိန်းမတွေ Sexyကျတုန်းက ကြည့်ရုံပဲကြည့်မိတာလေ မင်းSexyကျတာကတော့ ဟိုစိတ်တွေပါ ထကြွလာလို့"

"ကြည့်.. နင်ဘာပြောပြော ဘာလို့ဒီအထဲကမထွက်နိုင်တာလဲ အမြဲတမ်းမှောင်မဲနေတာပဲ"

"ငါကပါဝါရိန်းဂျားအနက်ကောင်လေ မိုက်တွင်းနက်တယ် ဘာဖြစ်လဲ"

မိုးမြေက သွားလေးတွေပေါ်သည်အထိရယ်ကာ သူ့ရင်ဘတ်ကိုထုနှက်လာသည့်အခါ စိတ်ထဲကျေနပ်သွားမိသည်။
ဒီကောင်မလေးကို သူတကယ်ပဲထားခဲ့နိုင်ရဲ့လားဆိုသည့် ယိုင်နဲ့နဲ့အတွေးဝင်လာသည့်အခါ ကြည်နူးနေသည့်Feelingလေးတောင် ရပ်တံ့သွားရသလိုပင်...

"ငါနဲ့တကယ်မလိုက်ခဲ့ချင်ဘူးလား"

"ဟင့်အင်း မရဘူးလေ ဖေဖေနဲ့မိုးသားက ငါမရှိလို့မှမရတာ သိရဲ့သားနဲ့"

"ငါ မင်းကိုမခွဲနိုင်ဘူးထင်တယ်"

သူမဆံပင်ရှည်တွေကို ဆွဲဖွမိရင်း နားရွက်ကြားမှာညှပ်ပေးလိုက်ကာ ပါးနုနုလေးကို အကြောင်းမဲ့ပွတ်သပ်နေမိသည်။
ထိုအခါ မိုးမြေက မျက်နှာလေးမော့လာပြီး သူ့နှာခေါင်းကို လက်နှစ်ချောင်းနှင့်ဆွဲညှစ်ကာ...

မိုးမြေခစားWhere stories live. Discover now