ဖူးခက်မှာတစ်ခါ၊ အခုတစ်ခါ..
သူ့ဘေးမှာတစ်ယောက်ယောက်ရှိနေတိုင်း မိုးမြေဟာ သူ့ကိုတစ်ယောက်တည်းမပိုင်သလို ခံစားမိသည်။
သူတစ်ယောက်ကိုသာ အရာရာပုံအပ်ပြီးချစ်ခဲ့သူမို့ သူ့အနားမှာ တခြားမိန်းမတစ်ယောက်တွေ့မိတိုင်း အရှင်လတ်လတ်မီးကင်ခံရသလို ဖျတ်ဖျတ်လူးမတတ် ခံစားရသည်။
ဒါကိုတော့ သူ မသိနိုင်…

တီ! တီ!

ကားဟွန်းသံကြောင့် လမ်းဘေးကိုကပ်ပေးလိုက်ကာ ဘယ်ကကားလဲဟုစိတ်မဝင်စား၍ နောက်ကိုလည်းလှည့်မကြည့်ဖြစ်ခဲ့။
မိုးမြေလမ်းဘေးကပ်ပေးလိုက်သည့်တိုင် ကားဟွန်းသံက ရပ်မသွား၍ ခစားဟုအလိုလိုသိလိုက်ကာ နှုတ်ခမ်းကို အလိုလိုဖိကိုက်ပစ်လိုက်မိသည်။

"မင်းရူးနေတာလား မိုးမြေ"

စူးခနဲအသံကျယ်ကြီးကို မိုးသည်းနေသည့်အကြားမှ ကြားဖြစ်အောင်ကြားလိုက်ကာ ကားသည် မိုးမြေ၏နံဘေးသို့ရောက်လာသည်။
ကားမှန်ကိုချကာ အော်ဟစ်နေပုံက မိုးမြေကိုစိတ်တိုနေမှန်းသိသာပြီး လက်ရှိအချိန်မှာ မိုးမြေသည်လည်း သူ့မျက်နှာကိုမကြည့်ချင်။
ကိုယ့်ကမ္ဘာမှာ သူတစ်ယောက်သာရှိပေမယ့် သူ့ကမ္ဘာမှာတော့ မိန်းမတွေအများကြီးမဟုတ်လား…

"မင်းကိုငါခေါ်နေတာ"

ဤစကားကိုလည်း မိုးမြေအရေးမလုပ်ဘဲနေလိုက်တော့ သူက ကားကိုမောင်းထွက်သွားကာ ရှေ့နားအရောက်မှာထိုးရပ်ပစ်လိုက်သည်။
ထို့နောက် ကားပေါ်မှဆင်းလာပြီး မိုးမြေရှေ့ကို ဒေါကြီးမောကြီးဖြင့်ရောက်ချလာပြီး လက်တစ်ဖက်ကိုဆောင့်ဆွဲပစ်လိုက်၍ အောင့်မျက်နာကျင်သွားမိ၏။
သို့သော် ပိုပြီးနာကျင်မိတာက ရင်ဘတ်ထဲမှာ…

"ငါ့ကိုလွှတ်"

"ဘာသဘောနဲ့ လျှောက်သွားနေတာလဲ ငါလာကြိုတာမမြင်ဘူးလား"

"မြင်တာပေါ့ မြင်လွန်းလို့ နင်နဲ့ထိုင်နေတဲ့မိန်းမကိုပါ ငါမြင်တဲ့အထိပဲ ဘာလဲ ငါ့ဆီကလိုချင်တာအကုန်ရသွားပြီဆိုတော့ နင်ကအသစ်ရှာပြီလား"

"ဘာ!"

"နင့်ဘဝ နင့်ကမ္ဘာထဲမှာ မိန်းမတွေအများကြီးပဲ တစ်ယောက်ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ အခုအချိန်ထိပဲ"

မိုးမြေခစားWhere stories live. Discover now