သင်တန်းသွားအပ်ဖို့ ရေချိုးပြီးသည့်အခါ မိုးမြေရဲ့ဗီရိုကို ကျကျနနဖွနေသောသူ့ကြောင့် တစ်ချက်ပြုံးမိသွားပြီး သူ့ခါးကို သိမ်းဖက်ထားလိုက်မိသည်။
ဤအတိုင်းလေးဟာ ဇာတ်ကားတွေထဲမှာဆို အလွန်romanticဆန်သော အခန်းလေးဖြစ်ပေမယ့် လက်တွေ့မှာတော့ ခစားက ခွန်းတုံ့မပြန်ဘဲ အင်္ကျီတွေကိုသာ ဆက်ရွေးနေခဲ့လေသည်။
နည်းနည်းလေးမှ မRoတတ်သောခစားစုတ်ကြောင့် မိုးမြေနှာခေါင်းရှုံ့သွားမိတုန်း သူက မိုးမြေဘက်ကိုလှည့်ကာ...

"ဒါလေးဝတ်လိုက် ပြီးရင် ခေါင်းဖြီးပေးမယ်"

"အင်း"

သူ့ဆံပင်ကိုသာ ရေပြောင်အောင်မသုတ်တတ်သော မင်းခစားသည် မိုးမြေ၏ဆံပင်တွေကိုတော့ စိတ်ရှည်လက်ရှည် ဖြီးပေးတတ်သူဖြစ်သည်။
ဒါသည် သူအမြဲလုပ်နေကျအလုပ်ဖြစ်ကာ မိုးမြေကလည်း သူခေါင်းဖြီးပြီး ကျစ်ဆံမြီးလေးတွေကျစ်ပေးသည့်အခါတိုင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်မြဲဖြစ်သည်။

"နှစ်ထပ်စည်းတာလေးနဲ့ပိုလိုက်တယ် ဆံပင်ကမြောက်သွားတော့ လည်တိုင်ကပိုပေါ်လာတယ် နမ်းချင်စရာလေး"

"စလာပြီ"

"အဟက်! မင်းကလည်း"

မိုးမြေမျက်စောင်းချီတော့ သူက ရယ်ကျဲကျဲဖြင့်လည်ပင်းကိုပွတ်ပြီးရယ်ကာ ရေချိုးခန်းထဲဝင်သွားလေသည်။
မိုးမြေမိတ်ကပ်လိမ်းပြီးချိန်လောက် သူပြန်ထွက်လာကာ မိုးမြေမီးပူထိုးထားသော အင်္ကျီနဲ့ဘောင်းဘီတွေကို ဗီရိုထဲက ယူဝတ်နေသည်။
သူ့ကိုကြည့်နေရင်းမှ ကိုယ့်ခင်ပွန်းယောကျာ်းကို ပြုစုပေးနေရသည့် အိမ်ရှင်မတစ်ယောက်လို ခံစားချက်နုနုရွရွလေး ခံစားလာမိသည့်အခါ သူမ ပြုံးမိပြန်၏။

သူနဲ့နှစ်ယောက်အတူ လက်တွဲပြီး အခန်းထဲကထွက်လာခဲ့တော့လည်း သူ့လက်တွေဟာ ခိုင်မာမြဲမြံနေခဲ့၍ မိုးမြေပိုပြီးသဘောကျမိသည်။
Soulmateဆိုသည့်ခံစားချက်ဆိုတာ ဒါများလား...

"Aww ခစား မင်း ဒီကိုလာတာလား"

"ဟုတ်တယ်ဗျ"

"ဘာလိုအပ်လို့လဲ ငါ့ညီရ"

မိုးမြေခစားWhere stories live. Discover now