"ပြေဘူး"

သူ့အပြောကို သဘောကျရလွန်း၍ မိုးမြေ တခစ်ခစ်ရယ်မိကာ Playboyကြီးသူ့ကို ဘာကြောင့် ကောင်မလေးတွေ ချစ်ကြသလဲ သိလာသလိုပင်။
ဒီလိုတော်ကီလှလှလေးတွေနဲ့ မိန်းကလေးဘယ်နှယောက်လောက်ရဲ့ နှလုံးသားတွေကို အပိုင်သိမ်းလာခဲ့ပြီးပြီလဲ…

"အဲ့လိုတွေစကားဖောရောလုပ်တိုင်း မိုးမြေကရင်မခုန်တတ်ဘူး ခစား နင်ရင်ခုန်ချင်ရင်တော့ ကျောင်းတစ်ပတ်လောက် ပတ်ပြေးလိုက်လေ"

"မင်းကိုပဲလိုတာ"

ပါးကိုဖျတ်ခနဲငုံ့ကိုက်လိုက်၍ နာသွားမိကာ မိုးမြေ သူ့ကိုမျက်စောင်းထိုးပစ်တော့ သူက သွား၃၂ချောင်းလုံးပေါ်သည်အထိ တဟီးဟီးရယ်နေသည်။
ပြီးမှ မိုးမြေလက်တွေကို လက်ချောင်းချင်းသွယ်ယှက်ဆုပ်ကိုင်ကာ လည်တိုင်လေးကိုငုံ့နမ်းရင်း…

"ဘာသင်တန်းလဲ"

"Accountantသင်တန်းလေ LCCI"

"LCCIက Level 1,2ဆို ၂သိန်းခွဲပဲရှိတာ မင်းက ၄သိန်းခွဲဆိုတော့ မင်းကLevel 3ပေါ့"

"အဲ့ဒါလည်းသိတာပဲလား"

"မင်းခစားပါကွ ငါ့ကောင်မလေးရ"

ဂုဏ်ယူဝင့်ကြွားသလို ပြောနေသောသူ့ကို ချဥ်သလိုကြည့်ပြီး နှာခေါင်းလေးရှုံ့လိုက်မိကာ သူ့ရင်ခွင်မှာမှီချလိုက်မိတာ စိတ်ချလက်ချ။
ထို့နောက် သူ့မေးဖျားလေးကို နှုတ်ခမ်းလေးဖြင့်မော့နမ်းမိတော့ မုတ်ဆိတ်ရိတ်ထားသဖြင့် အနည်းငယ်ကြမ်းရှနေ၏။
သို့သော် သူ့အထိအတွေ့တိုင်းဟာ မိုးမြေအတွက်တော့ နှစ်လိုဖွယ်ရာတွေချည်းသာ…

"ငါက AA medicalမှာ Accountantဖြစ်ချင်တာ သိလား"

"ဘာလို့ AAမှလဲ တခြားMedical productsကုမ္ပဏီတွေရှိနေတာပဲ"

"အဲ့ဒီက လစာအရမ်းကောင်းတယ်ဆိုလို့"

"မင်းပါးစပ်ကထွက်လာရင် ငွေအကြောင်းချည်းပဲ ငွေကိစ္စမဟုတ်ဘဲ တခြားဟာပြောကြည့်စမ်းပါ"

"မင်းခစားကိုချစ်တယ်"

ထိုအခါ သူ့မျက်လုံးတွေ အရောင်လက်သွားကာ ချစ်စဖွယ်အပြုံးလေးတစ်ခုက သူ့နှုတ်ခမ်းပါးထက်မှာ နေရာယူသည်။
လိုချင်တာရသွားသော ကလေးတစ်ယောက်ရဲ့အပြုံးမျိုးဖြင့် ဖြူစင်လင်းလက်နေသလို ခစားသည် သူမနှင့်အတူရှိတိုင်း ပကတိအတိုင်းပေါ့ပါးနေတတ်တာ မှတ်မှတ်ရရ…

မိုးမြေခစားWhere stories live. Discover now