"နင်ဟာလေ.. ပါးစပ်လေးကနေ အင်း လို့ပြောရုံလေးကို နင်ဘာလို့ကန့်လန့်တိုက်နေတာလဲ"

"တိုက်ရမှာပဲ ငါကပြောတဲ့အတိုင်းပဲလုပ်တတ်လို့ အလိုလိုက်မယ်ဆို နေရာတကာလိုက်နေရမယ် မဖြစ်ဘူး မင်းအကျင့်ပါသွားလိမ့်မယ်"

မိုးမြေ မျက်စောင်းလေးချီကာ သူမပါးစပ်ကလေးနှင့် အနီးဆုံးသောလည်ပင်းတစ်နေရာကို တအားဖိကိုက်ပစ်သောကြောင့် နာသွားမိ၏။
သို့သော် ပြန်မရုန်းဖြစ်ဘဲ အခန်းဆီကိုသာ ပြန်လာခဲ့တော့ သူမက အလန့်တကြားဖြင့် ကိုက်နေရာမှပြန်လွှတ်ပေးသည်။

"နင် တိမ်တိုက်တို့နဲ့သွားနေမှာဆို"

"မနေပါဘူး ငါက Gayနေတာမှမဟုတ်တာ မင်းနဲ့ပဲနေမှာ"

"နင်နော် မရဘူး"

"လူဆိုတာအမှားနဲ့မကင်းပါဘူး မိုးမြေရယ် ငါတို့လည်း တစ်ခါလောက်မှားလိုက်ကြရအောင် ငါတာဝန်ယူမယ်"

"မင်းခစား နှာဗူးကောင် ကဲ.. ကဲ"

လက်သီးဆုပ်လေးတွေ သူ့ပခုံးတွေပေါ်ကျလာသည့်အခါ သူ အတော်လေးအူမြူးနေပြီမို့ အော်ရယ်ရင်း မိုးမြေကိုပြန်ချပေးလိုက်သည်။
ထိုအခါမှတော့ မမှီမကမ်းဖြင့် ခြေဖျားထောက်ကာ နားရွက်ကိုဆွဲလာသောကြောင့် မျက်နှာကိုမော့ပစ်ပြီး တမင်ခြေဖျားထောက်ပစ်လိုက်၍ အရပ်ချင်းအတော်ကွာဝေးသွားသည်။
ထို့ကြောင့် သူမ၏မကျေမနပ်ကျိန်ဆဲနေသံတွေက ဆက်တိုက်…

"အား! ချစ်လိုက်တာကွာ"

လက်ကလေးတွေကိုဆွဲယူပြီး မိုးမြေကိုဆွဲလှည့်ပစ်ကာ ကျောပေးသလိုဖြစ်သွားသည့်ကိုယ်လေးကို ခါးလေးမှသိုင်းဖက်ထားလိုက်သည်။
ဖက်ထားသည့်သူ့လက်တွေကို ထပ်အုပ်ကိုင်ထားပြီး မိုးမြေက သူ့ရင်ဘတ်မှာမှီချလိုက်ကာ…

"နင့်အိမ်ကရော"

"ဘာမှမဖြစ်ပါဘူး မင်းကိုငါကာကွယ်နိုင်ပါတယ် စိတ်မပူနဲ့"

"မဟုတ်ဘူးလေ ငါနဲ့ပတ်သက်နေလို့ ဘဏ်စာအုပ်တွေ အပိတ်ခံရတယ်မလား ငါကနင့်အတွက် ဝန်ဖြစ်မနေချင်ဘူး ခစား..
ငါ့ကြောင့် နင့်ကိုဒုက္ခမရောက်စေချင်ဘူး"

မိုးမြေခစားOù les histoires vivent. Découvrez maintenant