ခပ်ဝေးဝေးကလှိုင်းသံတွေကို ကြားနေရကာ တဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်လေပြေကြောင့် ခန်းစီးစအဖြူလေးတွေ ဝဲလွင့်နေပုံက Romanticဆန်သည်။
မှန်တံခါးအထွက် ရေကူးကန်ဘေးမှာ ခဏရပ်နေလိုက်သည့်အခါ မိုးမြေက သူ့ကျောပြင်ကိုဘုန်းခနဲထုနှက်လာ၍ လှည့်ကြည့်မိတော့ စူပုတ်နေသောသူမ…

"ဘာလဲ"

"နင် ဆိုဖာပေါ်အိပ်"

"ငါက တိမ်တိုက်တို့နဲ့သွားအိပ်မှာ.. စိတ်ချ အငှားရည်းစားလို့မထင်ရအောင် လိုက်လာတာ မင်းနဲ့နေချင်လွန်းလို့မထင်နဲ့"

"အောင်မာ"

စူပုတ်ပုတ်မျက်နှာလေးက လေအဝေ့မှာ ဆံပင်လေးတွေလွင့်ခါသွား၍ ပိုပြီးလှသွားသလို စိတ်ရှိလက်ရှိချစ်ပစ်ချင်စိတ်က ရင်ထဲအလိုလိုရောက်လာ၏။
မှန်ရာဝန်ခံရရင် ရည်းစားများခဲ့ဖူးပေမယ့် ဘယ်သူ့အပေါ်မှာမှ ဒီလိုစိတ်ရိုင်းဝင်လာတာမျိုးမရှိခဲ့။
ရင်ခုန်ချင်ရုံသက်သက်၊ အပျင်းပြေတွဲချင်ရုံသက်သက်သာရှိခဲ့ပြီး သူမနဲ့မှာမှ နမ်းချင်စိတ်တွေ၊ ထိတွေ့ချင်စိတ်တွေဖြစ်လာခဲ့ကာ…

"မိုးမြေ မင်း တကယ်ပဲငါ့မိန်းမလုပ်မလား"

"ဘာလို့လုပ်ရမှာလဲ"

မျက်စောင်းလေးထိုးကာ တုံ့ပြန်လာသောမိုးမြေကြောင့် ရင်ထဲစိုးထိတ်သွားပြီး သူမကိုချစ်ခွင့်ပန်ဖို့ကိစ္စက အဆင်ပြေပါ့မလားဆိုသည့် အတွေးတစ်ချက်ဝင်လာခဲ့သည်။
ဒီခရီးကိုလိုက်လာသည့် ပထမဆုံးအကြောင်းတရားက သူမကို ကမ်းခြေမှာ ချစ်ခွင့်တောင်းဖို့ဖြစ်သည်။

သူ မပြောရဲခဲ့သော 'ချစ်တယ်'ဆိုသည့်စကားကို ဖွင့်ဟဝန်ခံဖို့၊ သူမနှင့် တကယ့်ချစ်သူအစစ်တွေဖြစ်ကြဖို့၊ မိုးမြေခစားဆိုသည့်အတွဲလေး အမှန်တကယ်ဖြစ်လာစေဖို့…
ထိုအရာအားလုံးအတွက် သူ သတ္တိရှိနေပြီမို့ သူမလက်ကလေးကိုသာ တရားဝင်ဆုပ်ကိုင်ထားရမည့် ချစ်သူကောင်လေးဖြစ်ချင်သည်။

"အဲ့လောက်အဝေးကြီး မစဥ်းစားနဲ့လေ ခစားရယ် ငါတို့ တစ်ယောက်နဲ့တစ်ယောက် မဝေးဘူးဆိုရင် ဖြစ်တာပဲမဟုတ်လား"

မိုးမြေခစားजहाँ कहानियाँ रहती हैं। अभी खोजें