"ဘာလာလုပ်တာလဲ"

"Sorryကွာ ငါမေ့သွားတာ မနေ့က ဂျာကြီးဆီဖုန်းမဆက်လိုက်ရဘူး"

"မသိဘူး သွား.. ငါ့ကိုစကားလာမပြောနဲ့"

"ငါ့အသည်းလေးကလည်း"

ရယ်ကျဲကျဲဖြင့် မိုးမြေကိုဖက်ဖို့ပြင်နေသော သူ့လက်တွေကိုပုတ်ထုတ်ပစ်ကာ အင်္ကျီပစ်တင်လိုက်သည့်ဆိုဖာပေါ် ဘုတ်ခနဲထိုင်ချပစ်လိုက်သည်။
သူကတော့ ထုံးစံအတိုင်း စပ်ဖြဲဖြဲမျက်နှာဖြင့် မိုးမြေအနားပြန်ကပ်လာ၍ မျက်စောင်းထိုးပစ်ကာ သူ့ကိုကျောပေးပစ်လိုက်၏။

"အာ! တကယ်ကြီးစိတ်ဆိုးနေတာပဲ"

ရယ်သံသဲ့သဲ့ဖြင့် မိုးမြေပခုံးကိုလှမ်းဆွဲတော့လည်း သူ့လက်ကြီးကို ထပ်ပြီးပုတ်ထုတ်ပစ်လိုက်၍ သူက မိုးမြေရှေ့သို့ရောက်လာပြန်သည်။
ထို့ကြောင့် အမြင်ကတ်ကတ်ဖြင့် ထပ်ပြီးကျောပေးလိုက်ပြန်ကာ သဘောတကျရယ်နေသော သူ့ရယ်သံကြောင့် ကိုယ့်ကိုယ်လည်း ကလေးဆန်နေပြီလားဟု ပြန်တွေးမိ၏။
အတွေးဖြင့် နှုတ်ခမ်းကိုပိုပြီးစူထော်ထားမိရင်း ဘာကြောင့်မို့ ဒီလိုမျိုး သူ့အပေါ်စိတ်ကောက်မိသလဲမသိပေမယ့် မိုးမြေအဆူခံရတာ သူ့ကြောင့်မို့…

ချွင်!

ဖုန်းဆီမှမက်ဆေ့ဝင်သံကြောင့် ယူကြည့်လိုက်သည့်အခါ KpayထဲမှNotiဖြစ်ကာ ငွေဝင်လာ၍ ဘယ်သူကလွှဲသလဲဟုကြည့်မိတော့ ခစားသာဖြစ်သည်။
Min Kha Sarrဆိုသည့်အကောင့်မှ ငွေတစ်သောင်းဝင်လာကာ Noteမှာတော့ သူရေးပေးလိုက်သော စာတိုလေးပါသေး၏။

"စိတ်မဆိုးပါနဲ့ Baby"

ဆိုတော့ မိုးမြေပြုံးချင်သလိုဖြစ်သွားမိပေမယ့် မကျေနပ်သေးတာကြောင့် မျက်နှာကိုပြန်တင်းပစ်လိုက်သည်။
ထိုအခါ နောက်ထပ်ငွေဝင်လာသည့် Notiနှင့်အတူ Noteမှာ ရေးထားသော နောက်ထပ်စာတိုလေး…

"စိတ်ဆိုးနေတဲ့ ခွေးမလေး"

"ဒီဘက်လှည့်ပါဦး ချော့ချင်လို့"

"Beg pardon" (ခွင့်လွှတ်ပေးဖို့တောင်းခံပါတယ်)

"မပြေသေးဘူးလား အသည်းလေးရယ် ဒီမှာရုပ်ချောချောလေးနဲ့မလိုက်ဖက်အောင် အသည်းတွေကွဲနေရပါပြီလို့"

မိုးမြေခစားWhere stories live. Discover now