ထိုနေရာမှာ သူမ ရှိနေသည်။
ကိုယ်ထိုင်နေရာနှင့် မီတာအနည်းငယ်မှာ သူမ အလုပ်လုပ်နေသည်ဆိုသည့်စိတ်ဟာ သူ့မွှန်းကြပ်မှုတွေကို ပြေလျော့စေသည်။
ဆိုင်တွင်းမှ လှုပ်ရှားမှုလေးတွေကို ငေးကြည့်ရင်း ဘာဖြစ်လို့များ ဒီကိုလာချင်သလဲဟု သူစဥ်းစားလို့မရ…

"အစ်မ အမှိုက်သွားပစ်လိုက်ဦးမယ်"

ဆိုင်တံခါးကိုဖွင့်ပြီး ထွက်လာသောကောင်လေးက မိုးမြေရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ပုံရပြီး အမှိုက်အိတ်တစ်လုံးဆွဲကာ ထွက်လာ၏။
ထိုအခါမှ ဆိုင်ရှေ့ကိုရောက်လာသော မိုးမြေကို သူလှမ်းတွေ့လိုက်ရကာ သူမကတော့ ကိုယ့်ကိုမမြင်…

"လွမ်းတယ်"

သူ့နှုတ်က တိုးတိုးလေးထွက်လာမိသော စကားကြောင့် စိတ်ထဲတုန်လှုပ်သွားမိပေမယ့် ဤစကားကြောင့်လည်း သူရယ်မိပြန်သည်။
မိုးမြေက ပစ္စည်းတွေစီနေရာမှ သူရှိရာသို့လှည့်ကြည့်လာ၍ ရင်တွေခုန်သွားမိကာ ကိုယ်ရောက်နေတာ သူမ သိနေလို့များလား…
သို့သော် မိုးမြေက ခေတ္တမျှဟိုဟိုဒီဒီကြည့်ပြီး မျက်နှာပြန်လွှဲသွား၍ သူ သက်ပြင်းထပ်ချလိုက်မိသည်။

ကျွန်တော် သူ့အပေါ်မရိုးသားတော့ဘူး
ဒါပေမယ့် ဒါဟာဖြစ်နိုင်ရဲ့လား…

💌💌💌💌💌💌

Day 5
  

"မင်းမနေ့ကခိုးထွက်သွားတာ အခုထိမကျေနပ်သေးဘူးနော် ခစား"

"မတွေ့တာကြာလို့ပါ"

"ဒီနေ့နဲ့မှ ၅ရက်ပဲရှိသေးတယ် အဲ့ဒါကြာတာလား အပိုတွေလုပ်မနေနဲ့ မနက်ဖြန် ငါ့မင်္ဂလာဆောင်နေ့နော် ဒီညဘယ်မှသွားဖို့စိတ်မကူးနဲ့ သဒေါင်းဇား"

"အေးလေ ငါတို့ကမင်းအတွက်ပြောနေတာ နေနိုင်အောင်နေစမ်းပါ"

"နေမှမနေနိုင်တာ ငါပုံမှန်ပဲဖြစ်ချင်တယ် အခုဟာက ငါကတမင်ရှောင်နေရသလိုပဲ"

"တမင်ရှောင်ခိုင်းထားတာပဲ ဒါမှ မင်းရဲ့ကွက်လပ်မှာ ဘာကိုဖြည့်ရမလဲသိလာမှာ မိုးမြေကိုလား မိုးမြေကပေးတဲ့ငြိမ်းချမ်းမှုကိုလားဆိုတာ"

သေချာတာတစ်ခုသည် ဒီ၅ရက်မှာ သူ နေလို့ထိုင်လို့မကောင်းဘဲ တစ်ခုခုကိုလွမ်းနေသလို၊ တစ်ခုခုကိုလိုအပ်နေသလို ခံစားချက်တွေဖြင့် ငြိမ်ငြိမ်မနေနိုင်ခဲ့ခြင်းဖြစ်သည်။
ဒါဟာ ငြိမ်းချမ်းမှုမရှိသောအဖြစ်ဆိုရင် သူဟာ မိုးမြေပေးသော ငြိမ်းချမ်းမှုထက် မိုးမြေကို ပိုပြီးလိုအပ်နေခဲ့ခြင်းဖြစ်လောက်သည်။

မိုးမြေခစားOpowieści tętniące życiem. Odkryj je teraz