"အသည်းကွဲနေရင် ရေချိုးပေးရတယ်ဆိုလို့ပါ"

"မင်းအလှည့်ကျမှချိုး.. ပြီးတော့ ယိ့ကိုအသည်းကွဲပါလား"

"မကွဲရင်ဘာလဲ မိုးမြေနဲ့မနေရဘဲ စောက်ချောကြီးတွေနဲ့နေနေရလို့ ပျော်နေတာလား"

"အကုန်လုံးပေါင်းလို့ ငါ့ညီလေးလောက်တောင် မတောက်ပြောင်တဲ့ရုပ်တွေကိုများ"

"မယုံဘူး ပြစမ်း"

ဆိုကာ ပြန်လှည့်လာကြ၍ သူ ရေချိုးခန်းတံခါးကို အလျှင်အမြန်ပိတ်လိုက်ရသည်။
ဒီကောင်တွေဟာ ကိုယ့်လို ခပ်ရွတ်ရွတ်ကောင်တွေပဲမို့ တကယ်ပဲ ဘောင်းဘီလိုက်ချွတ်ကြည့်ကြမှာ သေချာသလောက်ရှိ၏။
ရေချိုးခန်းထဲရောက်လက်စနှင့် တစ်ခါတည်းရေချိုးပစ်လိုက်ပြီး အခန်းအပြင်ပြန်ရောက်တော့ လူသိပ်မရှိတော့။

ကောင်းထက်က သတို့သားအရံအတွက် ၂ယောက်ပြောထားတာမို့ ထို၂ယောက်အတွက်ပါ ဝတ်စုံသွားရွေးကြမည်ဖြစ်သည်။
သူတို့အုပ်စု အပြင်ထွက်လာသည့်အခါ တချို့သူတွေနေခဲ့ကြ၍ ကားနှစ်စီးသာယူခဲ့ကြပြီး မိုးမြေနှင့် ခပ်ကင်းကင်းနေဖို့ သူ့ကားကိုတော့ ပစ်ထားခဲ့ရသည်။

"အဲ့ဒီကားက မင်းကောင်မလေးနဲ့ အမှတ်တရတွေရှိမှာပဲ အဲ့ဒီတော့ထားခဲ့"

"ကားမောင်းဖို့မပြောနဲ့ ဂိုထောင်နားတောင်မသွားရဘူး နေနိုင်အောင်နေစမ်း"

"မင်းတို့က ငါ့ကိုညှင်းဆဲနေတာပါကွာ"

"သားကြီး ငါတို့ကမင်းကိုကူညီနေတာ အေးဆေးနေစမ်းပါ"

ဆို၍ သူ့မှာအောင့်သက်သက်နှင့် ငြိမ်နေလိုက်ရသည်။
ဝတ်စုံဆိုင်ကိုရောက်တော့လည်း ခန်းလုံးပြည့်ခင်းကျင်းထားသော Westernဝတ်စုံတွေကြောင့် သူမကို သတိရမိသွားသေးသည်။
သူ Westernဝတ်စုံဝတ်ခဲ့ချိန်က သူမ ငေးနေခဲ့ဖူးသည်မဟုတ်လား…
အရုပ်တစ်ခုမှာ ဝတ်ပေးထားသော ဂါဝန်လှလှလေးဆီအကြည့်ရောက်သွားတော့ ဒီအရောင်ဆို မိုးမြေနဲ့လိုက်ဖက်လောက်သည်ဟု အတွေးဝင်ကာ ထိုအရုပ်ရှေ့ရောက်သွားမိတာ အလိုအလျောက်…

"မိုးမြေကိုဖိတ်ထားသေးလား ကောင်းထက်"

"Sorryကွာ မဖိတ်ရသေးဘူး ဖိတ်စာတွေလည်းမကမ်းရသေးပါဘူး ငါက မင်းနဲ့အတူဖိတ်မယ်ဆိုပြီး သူ့ကိုသပ်သပ်မဖိတ်တာ အခုတော့ သပ်သပ်ခေါ်ရမှာပေါ့
ငါက ဖိတ်စာမှာ မိုးမြေခစားလို့ရေးထားတာနော် ငါ့ကောင်"

မိုးမြေခစားWhere stories live. Discover now