"သူ့ဘာသာ ဘယ်သူနဲ့ပဲရရ ငါ့သမီးကမွေးတာ ငါ့မြေးပဲ"

"ကျုပ်က,နွားလား ခင်ဗျားသမီးက လုပ်ချင်ရာလုပ်လာတိုင်း လက်ခံပေးရအောင်.."

"ငါ့သမီးမှားတာ ငါ့သမီးကိုသွားပြောချေ.. မိန်းမလုပ်သမျှကိုတော့ငြိမ်ခံနေပြီး အပြစ်မရှိတဲ့ကလေးကိုမှ မင်းကရမ်းကားရဲတာလား မင်းသီဟ.. ဒီကလေးနဲ့ဘာဆိုင်လို့လဲ"

"အဲ့ဒီကလေးက ကျုပ်သားမှမဟုတ်တာ"

"အေး.. မင်းသားမဟုတ်တောင်မှ အမှားလုပ်ခဲ့တာ ငါ့သမီး.. မင်းသူ့ကိုမကျေနပ်ရင်၊ ကွာရှင်းချင်ရင်၊ မပေါင်းချင်တော့ရင် ပြတ်ပြတ်သားသားမေးပြီး ပြတ်ပြတ်သားသားဖြေရှင်းလိုက်
ငါကတော့ပြတ်တယ် မင်းခစားက ငါ့သမီးကမွေးထားတဲ့ကလေးပဲမို့ ဒီကလေးကို မင်းရာဇနဲ့တန်းတူချစ်ပေးမှာပဲ"

"အဖေ!"

"မင်းပါးစပ်ပိတ်ထား"

သူ့မှာတော့ မေမီ့ကိုမြတ်နိုးရလွန်း၍ မကျေနပ်သမျှ မထွေးနိုင်မမျိုနိုင်အခြေအနေဖြင့် နာကြည်းမှုတွေကို ဒီကောင်လေးအပေါ်ပုံချခဲ့မိကာ ဒါကို မေမီ့ရဲ့အဖေက မကျေနပ်။
မင်းခစားဟာ ဘယ်အဖေရဲ့သားဖြစ်နေနေ၊ သူ့သမီးကမွေးထားခဲ့၍ သူ့မြေးဟုဆိုကာ ခေါင်းမာမာနဲ့ငြင်းဆန်ခဲ့သည်။
ထိုယောက္ခထီးကြီးသည် မင်းခစားအတွက် အဆုံးစွန်အထိရပ်တည်ခဲ့ပြီး ရှယ်ယာတွေကအစ ထိုကောင်လေးနာမည်နှင့် လွှဲပေးခဲ့သည်အထိ…

"ဒက်ဒီ သား ပထမဆုရတယ်"

ဆုတံဆိပ်လေးတွေကိုင်ကာ လာပြတတ်သော ထိုကောင်လေးကို ငယ်စဥ်ကတည်းကမုန်းတီးခဲ့ကာ အမြဲလိုလျစ်လျှူရှုခဲ့သည်။
ဒါကိုအဘိုးကြီးပြန်သိတော့ မင်းခစားကို ပိုပြီးကာကွယ်ပေးရင်း သူနဲ့ကမ္ဘာ့ရန်တွေလို အငြိုးအတေးကြီးလာခဲ့သည်အထိ။
သူနှင့်အဘိုးကြီးသာ သိထားခဲ့သည့် ဤအမှန်တရားကို မင်းခစားအရွယ်ရောက်လာသည့်အခါ၊ နားလည်နိုင်လောက်သည့်အရွယ်မှာ သူ ချပြခဲ့သည်။

"ဒက်ဒီ"

"ငါ မင်းအဖေမဟုတ်ဘူး မင်းအဖေဘယ်သူလဲငါမသိသေးဘူး သိတဲ့တစ်နေ့နေ့ကျရင် မင်းကိုရော၊ မင်းအဖေကိုပါ ငါ ဒီအတိုင်းမထားဘူး"

မိုးမြေခစားWhere stories live. Discover now