"ဒီမှာလေ ငါ့ဘဲ"

"မင်းက ဂွင်ကောင်းမှာထိုင်မိထားတာပဲ မိုးမြေ"

"Ommဆို ကျွန်မ ကံကောင်းတာပေါ့"

"မင်း အလုပ်မလုပ်တော့တာ တကယ်နာတယ်သိလား မဟုတ်ရင် ငါအလန်းစားလေးနဲ့ပွဲတက်နေရဦးမှာ"

ဆိုသည့် သူမသိက္ခာကို စော်ကားသောစကားမျိုး ပြောထွက်လာသည့်အခါ သူ့ဒေါသတွေမှာ ပြောဖွယ်ရာမရှိ။
လက်သီးဆုပ်ကာ ရှေ့တစ်လှမ်းတိုးမိတော့ မိုးမြေက သူ့ခါးကိုသိုင်းဖက်ပစ်ကာ ရင်ဘတ်ပေါ်ပါးလေးကပ်ပြီး သူ့ကိုမော့ကြည့်လာသည်။
ထိုအကြည့်တွေဟာ ရန်ဖြစ်ချင်နေသောသူ့ကို မလုပ်ဖို့တောင်းဆိုနေမှန်းသိပေမယ့် မကျေနပ်တာက မကျေနပ်နေဆဲ…

"မင်းဘဲက မင်းကိုတော်တော်ချစ်တယ်ထင်တယ်နော်"

ဟု ခပ်ရိရိပြောလာသည့်အခါမှာတော့ သူသည်းမခံနိုင်တော့ဘဲ မိုးမြေလက်တွေကို ဖယ်ချပစ်လိုက်သည်။
ရှေ့ကိုတစ်လှမ်းထပ်တိုးကာ သူ့ရှေ့ကလူ၏ ဖရိုဖရဲဖြစ်နေသောအင်္ကျီကော်လံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်ရင်း…

"ချစ်တာပေါ့ကွ ဘယ်လောက်ချစ်လဲဆို သူ့ကိုစော်ကားသလိုပြောနေတဲ့မင်းကို စောက်ခွက်စုတ်ပြတ်သွားအောင် ဆွဲထိုးချင်နေမိတဲ့အထိပဲ"

"အဟွန်း.."

"အဲ့ဒါကြောင့်ပါးစပ်ပိတ်ပြီး တခြားစော်တွေနဲ့သွားရောနေလိုက်တော့.. ဒီ့ထက်အာရုံနောက်လာရင် ငါ့Barထဲကနေ မင်းကိုမောင်းထုတ်မိလိမ့်မယ်"

သူ ထိုလူ့ရင်ဘတ်ကို ခပ်ပြင်းပြင်းပုတ်ထုတ်ပစ်လိုက်ပြီး နောက်ကိုပြန်လှည့်မကြည့်တော့ဘဲ မိုးမြေခါးကိုဖက်ကာ ကိုယ့်စားပွဲဆီကိုပဲ ပြန်လျှောက်လာခဲ့သည်။
စားပွဲမရောက်ခင် ဒယိမ်းဒယိုင်ဖြစ်လာသော မိုးမြေကြောင့် ပြန်ငုံ့ကြည့်မိတော့ ငွေသရဲမ,သည် ခွက်အလွတ်လေးကိုကိုင်ကာ တအိအိလမ်းလျှောက်နေ၏။

"နင် ငါ့ကိုဘာတွေတိုက်တာလဲ ခစား"

"မင်းဘာသာသောက်တာလေ"

"အား!.. ငလျင်လှုပ်နေပြီလို့ မတ်တပ်တောင်မရပ်နိုင်တော့ဘူး"

မိုးမြေခစားWhere stories live. Discover now