"တောက်!"

"နင့်သက်တမ်း ၂လကျော်လာရင်တောင် နင်ငါ့ကိုမမှီနိုင်ပါဘူး အခုပြောကြည့်စမ်းညီမလေး ဘယ်သူက မင်းခစားနဲ့အရင်တွဲခဲ့တာလဲ"

"နင်!"

"တကယ်ဆို နင့်ကိုငါကရန်တွေ့ရမှာမလား အလိုကွယ်!.. နင် စနိုက်ထားရင်လည်း တိတ်တိတ်လေးနေလေ ပိုင်ရှင်ရှေ့လာပြီးသောင်းကျန်းနေရင် နင်ပဲအပြောခံရမှာပေါ့
အခုရောမရှက်ဘူးလား"

ထိုမိန်းကလေးကို ဘာမှပြောခွင့်မပေးဘဲ မိုးမြေကချည်းဖိပြောပစ်လိုက်ကာ ဒေါသဖြစ်နေသောထိုမျက်နှာကို အရသာခံပြီးကြည့်နေမိသည်အထိ။
ပိုက်ဆံမရှိ၊ Backgroundမရှိသလို ငွေရလျှင်ပြီးရောဆိုသည့် စိတ်မျိုးလည်း မိုးမြေမှာမရှိတာမို့ အပျက်မ,လို ဆက်ဆံခံရစရာအကြောင်းလည်းမရှိချေ။
ကိုယ့်သိက္ခာကိုထိပါးလာလျှင် ပြန်ပြောနိုင်ဖို့ စကားလုံးတွေသည် ရင်ထဲမှာရော၊ ပါးစပ်ထဲမှာပါ ပြည့်သိပ်နေခဲ့လျှက်…

ထိုအချိန် ခစားဝယ်ပေးထားသော ဖုန်းလေး ထမြည်လာ၍ ဖုန်းဆီအကြည့်ရောက်သွားတော့ အသက်ရှည်ဦးမည့် ဟိုအလံနီကောင်ဖြစ်သည်။
ဒါကိုမြင်လိုက်သောမိန်းကလေးက တစ်ခုခုပြောဖို့ပြင်နေရာမှ အံကြိတ်ပစ်လိုက်သောကြောင့် မိုးမြေဖုန်းကိုင်လိုက်ကာ Speakerကိုပါ တမင်ဖွင့်ပစ်လိုက်သည်။

"ကို ဘာဖြစ်လို့လဲ"

သူ့ဘက်ကအသံမထွက်ခင် အရင်ပြောချပစ်လိုက်၍ အကင်းပါးသောခစားက မိုးမြေအသံကို နားစွင့်နေပုံဖြင့် ချက်ချင်းဘာမှပြန်မပြောဘဲ ခေတ္တတော့တိတ်နေ၏။
ပြီးမှ ချောင်းဟန့်သံနှင့်အတူ ရယ်သံသဲ့သဲ့ဖြင့်…

"Baby ညနေကိုယ်နဲ့အတူပြန်မယ်နော် Babyကြိုက်တဲ့ အအေးလည်းဝယ်ထားပေးမယ်"

"Omm"

"ဒီညကျရင် Pioneerသွားဖို့ ကိုယ့်ကောင်တွေနဲ့ချိန်းထားတယ် အိမ်ပြန်ရောက်ရင် Babyကို သေချာလေးပြင်ဆင်ထားစေချင်တယ် ဒါမှကိုယ့်မိုးမြေလေး ဘယ်လောက်လှသလဲဂုဏ်ဆာလို့ရမှာ"

"ဟုတ်ကဲ့ပါ"

"ဒါပဲနော် Baby"

နွေးထွေးချိုမြစွာ နှုတ်ဆက်သွားပေမယ့် ဖုန်းချလိုက်လျှင်တော့ ခစားတစ်ယောက် ဗိုက်နှိပ်ရယ်တော့မှာမှန်း မိုးမြေသိသည်။
သူ ဖုန်းချသွားသည့်အခါ မိုးမြေသည် အောင်မြင်သော ရုပ်ရှင်စတားတစ်ယောက် ကော်ဇောနီပေါ်မှာရပ်ပြီး ပြုံးနေသလို ပြုံးပြလိုက်သည်။

မိုးမြေခစားWhere stories live. Discover now