"ဒါပေမယ့်.."

"ပြန်ပါတော့ ဦးဟန်"

စကားကုန်ပြောပြီး လှည့်ထွက်လာသည့်အခါ မျက်နှာချင်းဆိုင်တွေ့လိုက်သူက ခစားဖြစ်ပြီး သူက အေးတိအေးစက်မျက်နှာဖြင့် မိုးမြေကိုစိုက်ကြည့်နေသည်။
ခစားဘေးမှာတော့ ကြွေရုပ်ကလေးလို မှုန်ညက်နေအောင်ချစ်စရာကောင်းသည့် မျက်နှာလှလှလေးတစ်ခု…

"ကိုကို သွားမယ်လေ"

"အင်း"

သူက ထိုမိန်းကလေးလက်ကိုဆွဲကာ မိုးမြေအနားက ဖြတ်လျှောက်သွားတော့ သူမနှုတ်ခမ်းကိုဖိကိုက်ထားရင်း ပြေးမထုမိအောင် စိတ်ကိုအတော်လေးထိန်းထားလိုက်ရသည်။
မိုးမြေကိုတော့ အမျိုးစုံချုပ်ချယ်ကာ သူကတော့ နေချင်သလိုနေ၊ လုပ်ချင်တာလုပ်…

"တကယ်ကျက်သတုံး"

စိတ်ထဲမှကျိန်ဆဲပစ်လိုက်ရင်း ရှေ့ဆက်ဖို့ပြင်တော့ ဦးဟန်က လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်၍ ခြေလှမ်းတွေတုံ့သွားရပြန်သည်။
ဦးဟန်က ကတ္တီပါဘူးလေးကိုဖွင့်ကာ မိုးမြေရှေ့သို့ တိုးပေးပြီး…

"ကိုယ် မင်းကိုလက်ထပ်ချင်တယ် ချာတိတ်"

ဒီအချိန်မှလား…
မိုးမြေနှုတ်ခမ်းလေးပွင့်ဟသွားသလို ခြေသံတွေလည်းရပ်တံ့သွား၍ ခစားကိုပြန်လှည့်ကြည့်မိသည်။
ခစားကတော့ ဟိုမိန်းကလေးကိုလက်ကိုင်ထားပါလျက် မိုးမြေကို လည်ပြန်ကြည့်နေသောမျက်လုံးတွေက စူးစူးရဲရဲ။

"ခေါင်းညိတ်ဖို့ မင်းအတွက် ခက်ခဲနေမယ်ဆိုတာကိုသိပါတယ် ဒါပေမယ့် ဒါကိုလက်ခံထားပေးပါ မင်းလက်ခံနိုင်တဲ့အချိန်မှ.."

"မဟုတ်သေးဘူး မိုးမြေက.."

"ခင်ဗျားပြန်ယူသွားလိုက်"

နေရာမှမရွှေ့သေးဘဲ လှမ်းအော်သည့်ခစားကြောင့် သူ့ဘေးနားကကောင်မလေးရော၊ မိုးမြေပါ လန့်ဖျပ်သွားသလို ဦးဟန်ရဲ့အကြည့်တွေသည်လည်း ခစားဆီရောက်သွား၏။
မခံချင်စိတ်တွေသည် ကောက်ရိုးမီးလို ဟုန်းခနဲထတောက်လာပေမယ့် အရွဲ့တိုက်ချင်စိတ်ဖြင့် ဦးဟန်၏လက်ထပ်ခွင့်ကိုတော့ သူမ လက်မခံချင်…

မိုးမြေခစားWhere stories live. Discover now