"ဘာလဲ မစားဘူးလား"
"ဆီမထည့်ဘူးလား ဆီမထည့်လည်း ဟင်းတစ်ခွက်ဖြစ်တယ်လား"
"ဟမ်!"
"မင်းရဲ့ကြက်သားချက်က ရေတွေနဲ့"
"ငါမှဆီပြန်ဟင်းမကြိုက်တာ ဒီလိုရေစပ်စပ်နဲ့ပဲ ပိုသဘောကျတယ်"
သူ့ပုံစံက ဆီရော၊ရေပါ ရောထွေးနေသောဟင်းကို မမြင်ဖူးလောက်သလို စားတတ်ပုံလည်းမရဘဲ အထူးအဆန်းကြီးလိုကြည့်နေဆဲဖြစ်သည်။
ဘယ်လိုလူမျိုးမို့ ဒီလိုဟင်းကိုမတွေ့ဖူးတာလဲ..
အတွေးဖြင့် မကျေမနပ်ဖြစ်သွားပြီး ကြက်သားပန်းကန်ကိုပြန်ယူကာ ရေမကျန်တော့သည်အထိ ပြန်ချက်ပေးဖို့ပြင်လိုက်သည်။
သို့သော် ခစားက ဟင်းပန်းကန်ကိုပြန်ဆွဲယူသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ့ထမင်းပန်းကန်ထဲသို့ ခပ်ထည့်သည်။"တကယ်ပြောတာ အိမ်ကဆီပြန်ပဲချက်တာ မစားဖူးပေမယ့် စားကြည့်မယ် စိတ်ပျက်စရာဆီပြန်ဟင်းတွေ စားရတဲ့ခေတ်ကုန်ပြီလို့တွေးပြီး"
"နင်တို့ကဘော့စိတွေပဲ ဆီပြန်ဟင်းတွေပဲချက်မှာပေါ့ ငါတို့ကဒါမျိုးပဲချက်နိုင်တာ"
ထိုအခါ ထမင်းစားနေသော ခစားလက်တွေ တုံ့ခနဲဖြစ်သွားကာ မိုးမြေကိုကြည့်လာပုံက ထူးဆန်းနေသလိုပုံစံ။
သို့သော် ခဏသာဖြစ်ပြီး မိုးမြေချက်ထားသည့် ကြက်သားချက်၊ ချဥ်ရေကို ငရုတ်သီးထောင်းနှင့် မြိန်ရေရှက်ရေစားနေ၍ တိတ်တိတ်ကလေး ကျေနပ်သွားမိသည်။"စပ်တယ်ဟ မိုးမြေ"
"အင်း.. ရေရှိတယ်"
"ရေခဲရေပေး ဒါနဲ့မရဘူး"
"ကိုယ့်ဘာသာထယူပါလား ငါလည်းထမင်းစားနေတာပဲ တစ်ခုခုဆို ဘာလို့ငါ့ကိုပဲခိုင်းနေတာလဲ ခြေလက်အကောင်းကြီးအတိုင်းရှိနေပြီးတော့"
"အေးပါကွာ"
အမြင်ကတ်ကတ်ဖြင့် အော်ငေါက်ပစ်လိုက်ပေမယ့် တကယ်စပ်နေပုံရသည့်သူက ထိုစကားလေးသာပြောပြီး ရေခဲသေတ္တာဆီ ချက်ချင်းထပြေးသွား၏။
မျက်စောင်းလေးချီမိရင်း ထမင်းကိုသာဆက်စားနေတော့ ရေနွေးအိုးကြီးလို တရှူးရှူးမြည်နေသည့်သူက ရေခဲရေတစ်ဘူးဖြင့် ပြန်ရောက်လာသည်။
နဖူးမှာလည်း ချွေးစတွေစိုကပ်နေကာ ဗိုက်ကိုလည်း တဘုတ်ဘုတ်ပုတ်နေရင်း...
BẠN ĐANG ĐỌC
မိုးမြေခစား
Lãng mạn"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့အမှန်တရားထဲမှာ ဗီလိန်ဖြစ်ချင်ဖြစ်နေမှာပေါ့... မင်းမှတ်ထား.. မင်းဘယ်လိုပဲနေနေ ဘာတွေပဲလုပ်နေနေ တခြားသူတစ်ယောက်ယောက်ရဲ့အမှန်တရားထဲမှာတော့ မင်...