Happy Halloween Day 🎃

1.3K 135 6
                                    

ကောင်းကင်ယံတွင် တိမ်ကင်းစင်နေသည်။ပြာလွင်လွင်ကောင်းကင်တစ်ခုလုံးသည် ဆိုလ်းမြို့ကြီး၏
အပေါ်တွင် လှပစွာ တည်ရှိနေလေသည်။အချိန်သည်ကား မွန်းလွဲပိုင်း အချိန်ဖြစ်ပြီး ကွန်ဒို၏
မှန်ပြင်များနဲ့သာ ကာထားသော အခန်းငယ်အတွင်းမှာတော့ ကကြိုးလေးတစ်ယောက်
မမောနိုင်၊မပန်းနိုင် ကနေလေ၏။အင်ဂျင်နီယာလေးနဲ့ လက်ထပ်ပြီးကတည်းက ရပ်နားထားတဲ့ အနုပညာလုပ်ငန်းတွေကြောင့် jimin မကဖြစ်တော့သည်မှာလည်း အတော်ကြာပြီပင်။သားလေးလည်း မူကြိုတက်နေသည့်အရွယ်ပင် ရောက်နေပြီဖြစ်လို့ သားရဲ့ ဝေယျာဝစ္စကိုလည်း jimin တာဝန်ယူထားရသည်။သားရဲ့ ကိစ္စများပဲလားဟုဆိုတော့လည်း မဟုတ်ပါ။အင်ဂျင်နီယာလေးသည် သူ့မေမေရဲ့ လုပ်ငန်းစုများကို ဦးစီးဦးဆောင် လုပ်နေခြင်းမို့ အင်ဂျင်နီယာလေးရဲ့ ကိစ္စအဝဝရော၊အိမ်မှုကိစ္စများပါ ကကြိုးလေး တာဝန်ယူထားရသည်။ကွန်ဒိုထဲမှာပဲ အနေများပြီး သားကို
အကြို၊အပို့ လုပ်ချိန်၊မိသားစု အတူတူ ထွက်ချိန်မှ
Jimin အပြင်သို့ ထွက်ရခြင်းပင်။ကျန်သည့်အချိန်များတွင်တော့ jimin တိုက်ခန်းထဲသာ အောင်းနေရတာ များပါသည်။

တခါက တိုက်ခန်းထဲမှာပဲ နေရတာကြာလို့
ပျင်းရိလာသည့် စိတ်ကလေးကြောင့်
အလုပ်တစ်ခု ဝင်လုပ်မည်ဟု ပြောတော့
အင်ဂျင်နီယာလေး ပြောသည့် စကားတစ်ခွန်းက
'ကိုကိုက အိမ်မှာပဲနေပါ။ကျွန်တော်ပဲ အလုပ်လုပ်ပြီး ရှာကျွေးပါ့မယ်'တဲ့လေ။ထိုအပြောလေးကြောင့် ကြည်နူးပျော်ရွှင်ရပေမယ့် လူ့စိတ်အရ
အိမ်တွင်းအောင်းနေရသည့် စိတ်ကြောင့် ငြီးငွေ့လာတော့ စိတ်ပျော်ရာ မိမိရဲ့ ကကြိုးလေးများကို
အားတဲ့အချိန်တိုင်း ပြန်ဖန်တီးမိသည်။

"ပါးပါး!ဒယ်ဒီနဲ့ သားသား ပြန်လာပြီ"

သားရဲ့ အော်သံစူးစူးလေးဟာ jimin ရှိနေတဲ့ အခန်းတွင်းထိ ပျံ့နှံ့လာသည်မို့ jimin နှုတ်ခမ်းလေးများ ပြုံးသွားမိသည် ။သားသား သူ့ဆီ ရောက်လာမည်ကို သိသည်မို့ ကကွက်များကို မရပ်တန့်ပဲ ဆက်လက်ကနေလိုက်သည်။မကြာ ခြေသံသေးသေးလေးများကို ကြားလိုက်ရပြီး အဝါရောင်လုံးလုံးလေးက သူအနား ရောက်လို့လာသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now