ကျောင်းရောက်လာကတည်းက
နဂိုမှင်တည်သော မျက်နှာထားကိုမှ
ပိုပြီး တည်တင်းထားသော Jungkook မျက်နှာကြောင့် taehyung မှာ ဘယ်က စ စကားပြောရမှန်းမသိ။"မင်း ဘာဖြစ်နေတာလဲ?"ဟု မေးသော်လည်း "ဘာမှမဖြစ်ဘူး"လို့သာ ဖြေပြီး
သူ့အကျင့်အတိုင်း မတုန်မလှုပ်သာ ဆက်ထိုင်နေသည်။ဘာမှမဖြစ်ရင် အီးမှန်သလိုမျက်နှာကြီး ဘာလို့ လုပ်နေလဲလို့ပြောလိုက်ချင်ပေမယ့်
ပြောမထွက်ခဲ့ပါ။
"Jungkook ! အတန်းလည်း မစသေးတော့
ကန်တင်း သွားကြမလား?"
"အင်း "
ခေါ်တော့လည်း မငြင်းပဲ
Taehyung နဲ့ အတူ ထကာ လိုက်လာသည်။
ဌာနရှေ့က အထွက် jimin hyung ကို
တွေ့ရတာမို့ Jungkook ကို ကြည့်မိသည်။
Jungkook က ဖုန်းကိုသာ ကြည့်နေခဲ့တာမို့
Jimin Hyungရောက်နေခဲ့သည်ကို မသိသေးပေ။
Jiminသည် သူတို့ထွက်လာသည်ကို မြင်သည်နှင့်
သူတို့ရှိရာ လျှောက်လာတော့သည်။
"Jungkook !"
Taehyung ၏ တံတောင်နဲ့ တွတ်လာသည်နှင့်
တစ်ပြိုင်နက် ရင်းနှီးနေသော အသံကိုပါ
ကြားလိုက်ရသည်ကြောင့် Jungkook ဖုန်းကြည့်နေရာမှ မော့ကြည့်မိတော့သည်။
မြင်လိုက်ရတဲ့ အကို့မျက်နှာ။jungkook သူ့ကို
မြင်သည်နှင့် အပြုံးလေး ပြုံးပြလာသည်။
အနားကို ရောက်လာသည့်တိုင် Jungkook
ပြုံးလည်း မပြုံးမိသလို ၊တည်ကြည်စွာသာ
ကြည့်နေခဲ့သည်။
တစ်ဆက်တည်း မနေ့က မြင်ကွင်းက
ပြန်မြင်ယောင်လာသည့်အခါ မျက်နှာကို
ပို တည်ထားမိသည်။
"မင်္ဂလာပါ !jimin shi"
"မင်္ဂလာပါဗျ!ဘယ်သွားကြမလို့လဲ?"
"အတန်းလည်း မစသေးတော့
ကန်တင်းသွားကြမလို့လေ "
"ဟုတ်လား!ဒါဆို အတော်ပဲ
အကိုလည်း ဘာမှ မစားရသေးဘူး။
တစ်ခါတည်း လိုက်ခဲ့လို့ရလား?"
"ဟုတ်။ရပါတယ် "
Jimin ရောက်လာကတည်းက
နှုတ်လည်း မဆက်ပဲ၊စကားလည်း တစ်လုံးမျှ
ဝင်မပြောသော Jungkook သည်
ဘာစိတ်ပေါက်နေပြန်ပြီလဲမသိ။ကိုယ်ကသာ
ကြားထဲက jimin ကို အားနေနေမိတာ။
