"မင်လေး ! လက်ခံမှာလား ?"
ပွဲတစ်ခုတွင် ဖျော်ဖြေပေးဖို့ရာအတွက်
သက်ဆိုင်ရာ လူကြီးများနဲ့ jiminတို့ ဆွေးနွေးနေကြခြင်းပင်။ပွဲဆို brand တစ်ခု၏ show ပွဲဖြစ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ပိုရဖို့
Jiminကိုပါ ပွဲတက်ဖို့နဲ့ ဖျော်ဖြေပေးဖို့ ကမ်းလှမ်းလာခဲ့ခြင်းပင်။hyung မိတ်ဆွေ ရဲ့ ပွဲတစ်ခုလည်း
ဖြစ်တာကြောင့် jimin လက်ခံဖို့သာ ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့ ! hyung"
Hyungသည် သူ့အား တည်ကြည်သော
အပြုံးလေးနဲ့ ကြည့်နေခဲ့သည်။
"ဝမ်းသာပါတယ်ကွာ!အန်ကယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပေးလို့ ။သေချာပေါက် ပွဲကတော့
နာမည်ကြီးတော့မယ် မောင်ရင့်ကြောင့်လေ "
"အဲ့လိုလည်း မဟုတ်ရပါဘူးဗျ!"
"ဘယ်လိုပဲဖြစ်ဖြစ် တကယ် ကျေးဇူးတင်တယ်!ဒယ်ယန်းကိုရော၊မောင်ရင့်ကိုရော "
"ဟုတ်ကဲ့ "
"ဒယ်ယန်းက လူတော်လေးတစ်ယောက်ပါ။
နှစ်ယောက်က တော်တော်လေး လိုက်ဖက်ပါတယ် "
Hyung မိတ်ဆွေ၏ စကားသည် jimin အပေါ်
သက်ရောက်မှုတော့ သိပ်မရှိပါ။hyungနဲ့ jimin
တွဲသွားတွဲလာ လုပ်နေသည်ကိုသာ သူတို့ သိရှိထားကြခြင်းဖြစ်ပြီး၊တကယ့်လက်တွေ့ hyungနဲ့ jimin ဆက်ဆံရေးကို သူတို့ မသိသေးပါ။သူတို့
ထင်ထားသည်က hyungနဲ့ jimin တွဲနေကြသည်ဟုပင်။တကယ်တမ်း jimin ဘက်က hyungကို
အဖြေ ပြန်မပေးရသေးသည့်အတွက် hyungဘက်ကလည်း jimin ကို အလေးထားကာ
Dating အကြောင်းကို confirm မလုပ်သေးပေ။
CEO ဒယ်ယန်းနဲ့ tango boy jimin တို့ တွဲနေကြသလား ဆိုသည့် dating များအကြောင်းကတော့
Social platform များပေါ်တွင် မကြာခဏ ဆိုသလို ပါလာတတ်သည်။ထိုသို့ သတင်းများ တက်လာသည့် အခါတွင်လည်း သူ့ဘက်က လျစ်လျူရှု့ထားခဲ့သလို၊hyung ဘက်ကလည်း
ဂရုမစိုက်ခဲ့ပေ။ထို့ကြောင့် အတိတကျ confirm မလုပ်သေးသော်လည်း အများစုကတော့
တွဲနေကြသည်ဟုသာ သတ်မှတ်ခဲ့ကြသည်။
"အ့ဆို အန်ကယ့်ကို ခွင့်ပြုဦးကွာ!
ပွဲနေ့မှ တွေ့ကြတာပေါ့ "
"ဟုတ်ကဲ့ "
Hyung မိတ်ဆွေ ပြန်သည်နှင့် hyungသည်
သူ့ဘက် လှည့်ကာ မေးလာခဲ့သည်။
