"ခြံထဲ ဆင်းချင်သေးလား?"
"အင်း"
နေ့လည်ခင်း ရောက်သည့်အခါမှာတော့
အင်ဂျင်နီယာလေး အိမ်ထဲနေရတာ ပျင်းမှာစိုးသည်မို့ ခြံထဲ ဆင်းဖို့ မေးကြည့်တော့
ခေါင်းလေး ငြိမ့်ပြကာ ဆိုလာသည်။ထို့ကြောင့်
Jiminလည်း Jungkook နောက်မှနေပြီး
Wheel chair ကို တွန်းကာ အိမ်ပေါ်ဝထိ တွန်းသွားလိုက်သည်။jiminတို့နေနေသည့် အိမ်ကလေးက ခြေတံမြင့် အိမ်လေးဖြစ်ပြီး လှေကားထစ် နှစ်ဆင့်နဲ့ တက်ရခြင်းဖြစ်သည်။ထို့ကြောင့်
Wheel chair တွန်းဖို့ရာ အတွက် ဦးကြီးက
သူ့အသိကို သစ်သားနဲ့ ပြုလုပ်ထားသော ကုန်းဆင်းလို အပြားလေး လုပ်ပေးထားတာမို့ အဆင်ပြေတော့သည်။ထိုသစ်သားပြားလေးကို
လှေကားထိပ်နဲ့ မြေပြင်ထိသည်အထိ နေရာကျအောင် ချပြီး ထိုအပေါ်မှ wheel chair ကို
ခပ်ဖြေးဖြေး ထိန်းကာ တွန်းပေးရသည်။
"စာအုပ်ဖတ်ချင်လား?"
"အင်း"
"ဟုတ်ပြီ...ယူခဲ့ပေးမယ်"
ခြံထဲက သစ်ပင်အရိပ်အောက်တွင်
Jungkook ကို ထား ထားခဲ့ပြီး jimin အိမ်ထဲ ပြန်ဝင်ခဲ့လိုက်သည်။အခန်းထဲ ဝင်ရင်း စားပွဲပေါ်က
ဝတ္ထုစာအုပ်တစ်အုပ်ကို ရွေးလိုက်သည်။
တီ တီ တီ
ဖုန်းသံကြောင့် screen ဆီ ကြည့်မိရာ
Hyung ဆီကပင်။jimin သက်ပြင်းတစ်ခု ချပြီးမှ
ဖုန်းကို လက်ခံဖြေလိုက်သည်။
"ပြောပါ...hyung"
"ကိုယ် message ပို့ထားတာ တွေ့ပြီးပြီလား?"
"ဟင်!ဘယ်တုန်းကလဲ?"
"မနက်က"
"ခနလေးနော်"
Message box ထဲ ဝင်ကာ ကြည့်လိုက်တော့
ဟုတ်ပါသည် ။hyungဆီက message ဝင်လို့ထားသည်။
"တွေ့ပြီ...hyung။location တစ်ခုပို့ထားတာ"
"အင်း...ဟုတ်တယ်။ကိုယ် အခု အဲ့ဆိုင်မှာ။
မင်လေး လာခဲ့လို့ရမလား?"
"ဒါဆို hyungက ဒီကို ရောက်နေတာလား?"
"အင်း"
"ဟို....ကျွန်တော် လာလို့ မရဘူးထင်တယ်။
Jungkook တစ်ယောက်ထဲ အိမ်မှာ ထားခဲ့လို့ မဖြစ်ဘူး"
