💘 Part-15 💘

2.8K 207 6
                                        

မနေ့က ကိစ္စဖြစ်ပြီးကတည်းက အင်ဂျင်နီယာလေးသည် သူ့အပေါ် တကယ် စိတ်ကွက်နေခဲ့သည်။hyung ပြန်သွားသည့် အချိန်မှစ ညထိတိုင်အောင် jimin ဘက်က ဖုန်းဆက်ခဲ့သော်လည်း   ဖုန်းပင် မကိုင်ခဲ့ပေ။ထိုစိတ်ကြောင့် jimin မှာ ညဘက် ကောင်းကောင်းပင် အိပ်မပျော်နိုင်။သူ့ကို ပစ်ထားသော ကောင်လေးကို
သေချာလေး ချော့ရဦးမည်။

ယခုလည်း Jungkook ကျောင်းဆီကို လာပြီး
ဌာနရှေ့တွင် ရပ်စောင့်နေမိသည်။လက်က နာရီကို တစ်ချက်ကြည့်မိတော့  အတန်းဆင်းချိန်နီးနေပြီဖြစ်သည်။

"Jungkook ......နေ့လည်စာ ဘယ်သွားစားကြမလဲ?ကန်တင်းပဲလား?ဒါမှမဟုတ် yoongi ရှိတဲ့ ဆိုင်ပဲ သွားမလား ?"

"..............."

"ဟင်!jimin hyung "

Jungkook ဆီက ဖြေသံ မလာသေးခင်မှာပဲ
ဌာနကအထွက် jimin hyung ကို မြင်လိုက်ရသည်မို့  taehyung ဆိုမိတော့ သူ့ဘေးက Jungkook ကပါ လိုက်ကြည့်သည်။jungkook၏ မျက်နှာသည် jimin hyung ကို မြင်သည်နှင့် ပိုပြီး အေးစက်ပြီး တည်တင်းသွားသည်။

ဘာလဲ?ရန်ဖြစ်ထားကြတာလား?

Jungkook ၏ မျက်နှာရိပ်၊မျက်နှာကဲ ကို ကြည့်ကာ taehyung တစ်ယောက် တစ်ကိုယ်တည်း
တွေးတောနေမိသည်။

Jimin hyung သည် သူတို့အနား လျှောက်လာနေသည်။taehyung အား နှုတ်ဆက် အပြုံးလေး ပြုံးပြလာသည်မို့ taehyung လည်း နွေးထွေးပျူငှာစွာ ပြန် ပြုံးပြလိုက်သည်။

"Hyung.... Jungkook ဆီလာတာလား ?"

Jungkook ဘက်က ဘာမှ မပြောပဲ နေသည်မို့
Taehyung ဘက်က စပြောလိုက်သည်။

"အင်း...ပြောစရာလေးရှိလို့ "

"ဟို...အ့ဆို ကျွန်တော် သွားတော့မယ်နော်
ခွင့်ပြုပါဦး။jungkook ငါသွားပြီ "

Taehyung သည် jimin ကို တစ်လှည့်၊jungkookကို တစ်လှည့် နှုတ်ဆက်ပြီး ထိုနေရာမှ လှစ်ကနဲ ထွက်ခဲ့တော့သည်။ကြားနှစ်ကြား မပါကောင်းဘူးတဲ့။ကြားဆို ဘယ်ကြားမှ မနေတာ အကောင်း‌ဆုံးပင်။ခုတော့ သူ့ရဲ့ ချစ်သူလေးရှိရာကို တစ်ကိုယ်တည်းသာ လွင့်ရတော့မည်။

"Jungkook .."

အကို့ရဲ့ အသံ ကြားသည်နှင့် Jungkook သည်
တစ်ချက်သာ ကြည့်လာခဲ့ပြီး မျက်နှာပြန်လွှဲသွားခဲ့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now