"Park jimin ခင်ဗျ!"
Jimin ခြေလှမ်းများ ရပ်တန့်သွားသည်။
လက်ထဲက ချီထားသော သားကလည်း
Jimin မျက်နှာလေးကို ကြည့်နေသည်။Park jiminတဲ့ လား ကောင်လေးရယ်။နှစ်တွေ အကြာကြီး ခွဲခွာပြီးမှ ပထမဆုံးအကြိမ် အင်ဂျင်နီယာလေး နှုတ်က ပြန်ထွက်လာသည့်
စကားက Park jiminတဲ့။သူစိမ်းဆန်သွားလိုက်တာ။အရင်တုန်းက ကိုကိုဆိုပြီး နှုတ်ခမ်းပါးလေးနဲ့ ခေါ်ခဲ့တဲ့ ကောင်လေးက အခုတော့ Park jiminတဲ့လေ။"မျက်နှာလေး ဒီဘက် လှည့်လာပါဦးလား?
ကျွန်တော့်ကို စွန့်ပစ်ခဲ့တဲ့ မျက်နှာလေးကို
ကြည့်ချင်လို့ဗျ"Jungkook စကားကြောင့် jimin
ကျောပေးထားရာမှ သားကိုချီရင်း
ခပ်ဖြေးဖြေးလှည့်ကြည့်သည်။"အရင်လို လှနေတုန်းပါပဲ။ဒါပေမယ့်
ခင်ဗျား နှလုံးသားနဲ့ စိတ်ဓာတ်က ဟိုအောက်ဆုံးမှာပဲ ရှိနေသေးတယ်ထင်တယ်"".........."
"နားမလည်တာ တစ်ခုရှိတယ်။တကယ်တမ်း အခုလို ပြန်ဆုံတွေ့တဲ့ အချိန်မှာ မျက်နှာချင်း မဆိုင်ချင်လောက်အောင် ဖြစ်နေရမယ့် သူက ကျွန်တော်မလား?ခင်ဗျားဘက်က ကျွန်တော်နဲ့
မျက်နှာချင်း မဆိုင်ရဲတာက ကိုယ့်အပြစ်ကိုယ် သိလို့လား?"စူးရှနေတဲ့ မျက်လုံးတွေ။သူ့မျက်လုံးများကိုစိုက်ကြည့်ပြီး မှင်တည်နေသော မျက်နှာထားနဲ့
အထေ့အငေါ့ စကားများကို ပြောနေသော
အင်ဂျင်နီယာလေးက ဒီနှစ်တွေထဲ သူ့ကို ဘယ်လောက်တောင် မုန်းနေခဲ့ပါလိမ့်။"ထားပါ။ဘယ်လိုပဲဖြစ်ဖြစ် အတိတ်က အတိတ်ပဲဟာ။ခုတော့ ခင်ဗျားလည်း ပျော်နေတာပဲ။
ခင်ဗျားရဲ့ လိုသုံးလေး ဖြစ်ခဲ့တဲ့ ကျွန်တော်ကသာ
လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ခင်ဗျားကို မုန်းရင်း ရှင်သန်နေခဲ့ရတာ။ငရဲလိုပဲ!""..........."
"စကားတောင် ပြောမလာဘူးပဲ.။ပြောစရာ စကားတွေ ပျောက်ရှနေတာလား?"
သူ့အနားကနေ ဖြတ်သွားသော
Jungkook က ပခုံးချင်းယှဉ်တဲ့ နေရာမှာ ရပ်ပြီး
မထေ့ပြုံး ပြုံးပြကာ"ပြီးတော့ ကလေးကိုလည်း အဖေအရင်းက ဘယ်သူလဲဆိုတာ သိအောင် သေချာ ပြောပြထား!တွေ့ရာလူ အဖေခေါ်နေလို့ မဖြစ်ဘူးလေနော။အော်....မေ့လို့။ချမ်းသာတဲ့ သူဆိုရင်တော့
အဖေလို့ ခေါ်လို့ရတယ်မလား....ဟင်?"