💘 Part-32 💘

1.9K 149 8
                                        

"ဒါဆို Jungkook က ကျောင်းကို လာမတက်ရတော့ဘူးလား?"

"ဟုတ်တယ် ....jimin shi။လက်ထပ်ပွဲ မတိုင်ခင်ထိ အိမ်မှာပဲ ထားထားမယ် ထင်တယ် "

"ကျွန်တော်နဲ့တောင် သိပ်မတွေ့ရဘူး hyung "

Lalaနဲ့ taehyung က jimin ကွန်ဒိုကို ရောက်လာပြီး Jungkook ယခု ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြသည်။jimin သက်ပြင်းချမိပြန်ပါသည်။သူ့ရဲ့ အင်ဂျင်နီယာလေး သူ့အတွက်နဲ့ ပင်ပန်းနေပြီ ။

"Jimin shi စိတ်မကောင်းမဖြစ်ပါနဲ့။
Lala အရင်တုန်းက ပြောထားတဲ့ အတိုင်း
Jungkook ကို လက်ထပ်ပွဲနေ့မှာ လွတ်မြောက်အောင် လုပ်ပေးမှာပါ ။အန်တီ ခုလို စီစဉ်တာက
Lalaတို့အတွက်  ပြင်ဆင်ချိန်နည်းသွားပေမယ့် တစ်ဖက်ကကြည့်ရင်လည်း တစ်မျိုးကောင်းတာပဲလေ။
Jiminshi နဲ့ Jungkook နဲ့ အမြန်ဆုံး အတူတူနေနိုင်မှာ "

Lalaသည် မျက်နှာကလေး ငြိုးကာ စိုးရိမ်နေပုံရသော jiminအား အကျိုးအကြောင်း ပြောပြကာ
အားပေးစကားပြောသည်။

"ဟုတ်တယ်ဗျ။လက်ထပ်ပွဲ မတိုင်ခင်ထိတော့
ကျွန်တော်တို့ အနေအထိုင် ဆင်ခြင်ပြီး ပြင်ဆင်စရာရှိတာ ပြင်ထားရမယ်။hyung ဘက်မှာ ကျွန်တော်တို့ ရှိတယ်။ပြီးတော့ တကယ်ချစ်ကြတဲ့ hyungတို့နှစ်ယောက် ဘယ်နည်းနဲ့မှ မဝေးနိုင်ပါဘူး "

Taehyung သည် တည်ကြည်လေးနက်စွာ အားပေးစကား ထပ်ပြောလာသည်။taehyung နဲ့ lalaအား jimin အပြုံးလေး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"အကိုက အဆင်ပြေပါတယ်။jungkookအဆင်မပြေမှာကိုပဲ စိုးရိမ်တာ"

"Jungkook က သေချာပေါက် အဆင်ပြေမှာပါ။
သူ hyung နဲ့ တွေ့ရဖို့ကို မျှော်လင့်ရင်း အားတင်းနေမှာရယ် "

"ဟုတ်ပါတယ်။jiminshiသာ အစစအရာရာ
ဂရုစိုက်ပါ။ပြီးတော့ jiminshi ကို lala တစ်ခု တောင်းပန်စရာရှိပါတယ် "

"ဘာများလဲ?"

"ဒီကြားထဲ Jungkook မေမေရဲ့ စီစဉ်မှုကြောင့်
ဝတ်စုံကိစ္စတွေ၊မင်္ဂလာပွဲနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေမှာ Jungkook နဲ့ တွဲသွားတွဲလာ
လုပ်ရတဲ့ အခါကျရင် jiminshi နားလည်ပေးဖို့ပါ။jungkookလည်း သေချာပေါက် သူ့မေမေဆန္ဒအတိုင်း လုပ်ရမှာ"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now