💘 Part- 24💘

1.1K 122 6
                                    

ယနေ့မှာတော့ Grindelwald ရဲ့ အနီးတစ်ဝိုက်က
အထင်ကရ နေရာလေးတွေကို သူတို့ သွားလည်ကြမည်ဖြစ်သည်။Swissကို ရောက်စကတည်းက
နေ့ရက်တိုင်းသည် အေးချမ်းပြီး ပျော်ရွှင်စရာများနဲ့သာ ပြည့်နေခဲ့သည်။ယနေ့လည်း ကိုကိုနဲ့ အတူ ပျော်ရွှင်စရာအမှတ်တရလေးများ ထပ်ဖန်တီးဦးမည် ဖြစ်သည်။

"Jungkook သွားကြမယ် "

ရေချိုးခန်းထဲကနေ အဝတ်အစားလဲပြီး
ထွက်လာသော ကိုကို့ကို ခေါင်းအစ၊ခြေအဆုံး
တစ်ချက် ကြည့်မိလိုက်သည်။ဆံပင် အုပ်အုပ်လေးနဲ့ ရှင်းသန့်နေတဲ့ မျက်နှာလေး၊အဖြူရောင် ဆွယ်တာ လည်ဝိုက် လက်ရှည်လေးကို jean အနက်နဲ့ ဝတ်ဆင်ထားခြင်းသည် အလွန် လိုက်ဖက်လှသည်။ဆွယ်တာလေးမှာလည်း
ကိုကို့ ခန္ဓာကိုယ်ထက် ပနံသင့်စွာ နေရာယူနေပြီး
ဖြူဖွေးသော အသားအရေနဲ့ လိုက်ဖက်သည်။
ခြေချောင်းလေးများကိုတော့ ဖိနပ်မစီးရသေးသည့်အတွက် အတိုင်းသား မြင်နေရသည်။

"ဖိနပ်က ဘယ်ဟာစီးမှာလဲ?"

"ဟင်!ဟိုဟာ "

ကိုကို လက်ညှိုးထိုးပြသည့် ဖိနပ်ကို ယူလာခဲ့ပြီး
ကိုကို့ကို ကုတင်စွန်းနား ထိုင်စေသည်။သူကိုယ်တိုင်ကတော့ ဒူးထောက်ထိုင်လိုက်ပြီး
ကိုကို့ ခြေထောက်တစ်ဖက်ကို ဆွဲယူလိုက်တော့

"ဘာလုပ်မလို့လဲ?"

"ဖိနပ်စီးပေးမလို့လေ "

"ရတယ်....ကိုယ့် ဘာသာ စီးမယ် "

"ကျွန်တော် ကိုယ်တိုင် လုပ်ပေးချင်လို့ပါ"

နှစ်ယောက် ပြောနေတုန်းမှာပဲ ခြေထောက်တစ်ဖက်က ဖိနပ်စီးလို့ ပြီးသွားသည်။jiminလည်း ဆက်မပြောတော့ပဲ Jungkook ဆန္ဒအတိုင်း
ခွင့်ပြုပေးလိုက်သည်။

"ရပြီ "

"အင်း "

"လာ!ကျွန်တော့်လက်ကို ကိုင်ထား "

သဘောကျစွာ ပြုံးရင်း Jungkook လက်ချောင်းများကြား  မိမိလက်ချောင်းများ ယှက်သွယ်ကာ
ဆုပ်ကိုင်ထားလိုက်သည်။

ရွှတ်

"သွားကြမယ် "

Jungkook ပါးပြင်လေး တစ်ဖက်အား
မော့ကာ နမ်းလိုက်တော့ အင်ဂျင်နီယာလေးသည်
ပါးချိုင့်သေးသေးလေးများ ပေါ်အောင် ပြုံးသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Unde poveștirile trăiesc. Descoperă acum