💘 Part-5 💘

1.8K 155 12
                                    

Jimin နာမည်ကြားသည်နှင့် ဟောခန်းတစ်ခုလုံး
အသံများ တစ်ဟုန်ထိုး ဆူညံသွားတော့သည်။

"ဝါးးးး"

"ဘုရားရေ!ငါ နားကြားမှားတာ မဟုတ်ဘူးမလား ?"

"OMG!တကယ့် surpriseကြီးဟ!!"

"အလှလေးကို တွေ့ရတော့မယ်ကွ "

စိတ်လှုပ်ရှားစွာ တစ်ယောက်တစ်ပေါက်
ပြော‌ကြသော စကားသံများသည် ပလုံစီစွာ
ပေါ်ထွက်လာတော့သည်။

Jungkook မှာ ကြားလိုက်ရသော
အမည်နာမကြောင့် ကျောပင် မတ်မိသွားသည်။
Park jimin ။

"ကဲ!အ့ဆိုရင် အကလှလှလေးတွေနဲ့ ဘယ်လိုဖျော်ဖြေမယ်ဆိုတာကို ကြည့်လိုက်ကြရအောင်!"

အစီအစဉ် တင်ဆက်သူ၏ စကားအဆုံး အားလုံး၏ ပွတ်စီ၊ပွတ်စီ
အသံများသည် တိကနဲ တိတ်သွားတော့သည်။

စတိတ်စင်တစ်ခုလုံး အမှောင်ကျသွားပြီး
မီးမောင်း မှိန်ပြပြလေးသာ အလင်းပေးထားသည်။

တီးလုံးသံသည် စတင်ထွက်ပေါ်လာသည်။အားလုံးသည် စိတ်ဝင်တစားပင် စင်ပေါ် ရောက်မလာသေးသော Jiminအား ဇက်တငင်ငင်နဲ့ စောင့်မျှော်နေကြသည်။

တီးလုံးသံသည် နားထောင်ရသူအဖို့
အေးအေးချမ်းချမ်းလေး ဆိုသော်ငြား
စိတ်ထဲ ခံစားချက်တစ်ခုကို ခံစားရသည်။
ဖွင့်ပြောဖို့ ခက်ခဲသော ခံစားချက်သည်
နာကျင်မှုလိုလို၊အထီးကျန်မှုလိုလို ဖြစ်သည်။

Jimin စင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အနက်ရောင် ဇာအင်္ကျီလေးကို အောက်က ဝတ်ဆင်ထားပြီး အပေါ်က အနက်ရောင်မှန်ပါးလက်ရှည်ကို ထပ်ကာ ဝတ်ဆင်ထားသည်။အနက်ရောင် ဘောင်းဘီကို ခါးပတ်လေးနဲ့ တွဲဝတ်ထားပြီး ခြေဗလာလေးနဲ့ jiminသည်
အလွန့်ကို ဆွဲငင်အားပြင်းလှသည်။

လက်ချောင်းလေးများ စတင်ကာ
ကွေးယှက်ပြီး လှုပ်ရှားသည်။မျက်နှာ အမူအရာကအစ နာကျင်ဝမ်းနည်းမှုကို ခံစားနေရသလို
ဖော်ပြထားသည်။စတိတ်၏ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာ
လိမ်ဖယ်၊လှုပ်ရှားသွားခြင်းသည် အရမ်းပင်
ကြည့်ကောင်းပါသည်။ခြေဖျားလေးကို ထောက်ရင်း လှပပျော့ပျောင်းသော ခန္ဓာကိုယ်ကို
တီးလုံးသံစဉ်အတိုင်း လှုပ်ရှားသည်။လက်ချောင်းလေးများသည်လည်း အနုပညာဆန်ဆန် လှုပ်ရှားသွားသည်။ခန္ဓာကိုယ်ကို လွှားကနဲ
လှည့်ကာ၊လှည့်ကာ ကပြရင်း ပရိသတ်တွေရဲ့
အာရုံကို ဖမ်းစားသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now