"Jungkook !ငါနဲ့ ခနလိုက်ခဲ့ပေး "
နောက်ဆုံးချိန် tutorial ဖြေပြီးသည်နှင့်
Taehyung သည် တစ်နေရာကို သွားဖို့
Jungkookကို အဖော်စပ်လာသည်။။စာအုပ်များကို ကျောပိုးအိတ်ထဲ သိမ်းပြီးနောက် ဇစ်ပိတ်ကာ
ပခုံးတစ်ဖက်တွင် လွယ်ပြီး jungkook က
ထရပ်တော့ taehyung ကပါ လိုက်ထသည်။
"Jungkookရေ!ငါနဲ့ လိုက်ခဲ့ပေးဦးလို့ "
"ဘယ်လဲ?"
Jungkookက စာသင်ခန်းထဲက ထွက်ရင်း
Taehyung ကို ကြည့်ကာ မေးလိုက်တော့
ချောင်းတစ်ချက် ဟန့်ပြီး ပြန်ဖြေသည်။
"အဟမ်း!ငါ သကြားခဲလေးဆီကို သွားကြည့်မလို့ "
"ဪ!ဘဲ သွားဝိုက်မလို့ကို "
"အမ်း...အဲ့တာ မင်းကားနဲ့ လိုက်ပို့ပေး"
"ဟိုဆိုင်ကိုလား ?"
"မဟုတ်ဘူး!သူ ဒီနေ့ အလုပ်မဆင်းဘူး ။
ငါ မနက်က သူတို့ဆိုင်ရှေ့ ရောက်လို့
ဝင်ကြည့်ဖြစ်သေးတယ်။သူ့ကို မတွေ့ဘူး "
"အဲ့တော့ မင်းက အိမ်ထိ လိုက်မယ်ပေါ့ "
"အင်းလေ။ဆိုင် မရှိမှတော့ အိမ်လိုက်ရမှာပေါ့ "
"အိမ်တောင် စုံစမ်းထားတာဆိုတော့
မင်း တော်တော်ဖြစ်နေတာပဲ "
လိုက်ပို့မယ့် အရေးကို အရစ်ရှည်နေသော
Jungkook အား taehyung စိတ်အချည်ပေါက်လာသည်။jungkookသည် တစ်နေ့ သူ့ကိုမှ မဖဲ့ရ၊မရွဲ့ရ စကားကို မပြောရရင် စားမဝင်၊အိပ်မပျော်တဲ့အမျိုးမို့ taehyung သူငယ်ချင်းကောင်းပီသစွာ
သည်းခံထားရသည်။
"အေးကွာ!မင်း ပြောသလို ငါ တော်တော် ဖြစ်နေတာ ။အဲ့တာ လိုက်ပို့ပေးစမ်းပါ "
"အင်း။ငါ ပို့ပေးမှာပါ ...
ဒါပေမယ့်...ငါ သိချင်တာ ရှိသေးတယ် "
"ဘာလဲ ?"
"ဘာလို့ သူ့ကို တွေ့ချင်တာလဲ ?"
"ဒါကတော့ကွာ..ငါက ချစ်နေရတဲ့သူဆိုတော့
သူ့မျက်နှာလေး တစ်နေ့မမြင်ရရင် မနေနိုင်လို့ပေါ့ "
"ဘာလို့မနေနိုင်တာလဲ?"
"ဘာလို့လဲဆိုတော့ ချစ်လို့လေ။
ချစ်နေတော့ သူ့ကို အမြဲမြင်ချင်၊တွေ့ချင်နေတာ။
ခနလေးပဲ သူ့မျက်နှာလေးကို မြင်လိုက်ရဦးတော့
ငါ့တစ်နေ့တာက ပြည့်စုံတယ် "
