မွှန်းလွှဲပိုင်း အချိန်တွင် သူတို့ ပြန်ရောက်ခဲ့ကြပြီး
လမ်းလျှောက်ထားသည့် ဒဏ်ကြောင့် အဝတ်အစားပင် မလဲနိုင်ပဲ တန်းအိပ်ခဲ့ကြသည်။
ညနေစောင်းအချိန်မှာတော့ Jungkook အရင်နိုးလာခဲ့ပြီး ဘေးနား အိပ်နေသော ကိုကို့ နဖူးကို တစ်ချက်နမ်းပြီး အောက်ထပ် ဆင်းခဲ့လိုက်သည်။
သူ ဆင်းလာတော့ အောက်ထပ်က ကြမ်းပြင်တွင်
TV ကြည့်နေသော yoongi ကို တွေ့ရသည်။
"Yoongi ဘယ်ချိန်က ပြန်ရောက်လဲ ?"
"ခနကမှ ပြန်ရောက်တာ။ Tae ကတော့
လမ်းလျှောက်ရတာ ညောင်းသွားပြီထင်တယ်။
အိပ်နေလေရဲ့ "
"ဟုတ်လား? "
"အင်း....ဒါနဲဲ့ ...ညကျ ဒီအိမ်ရှေ့က မြင်ခင်းပြင်ပေါ်မှာပဲ မီးပုံလေး လုပ်ပြီး သောက်ကြရအောင်။
ဘယ်လို သဘောရလဲ ?"
"ကျွန်တော်က အဆင်ပြေတယ်။
Yoongi အဆင်ပြေသလိုသာ လုပ်ပါ။
လုပ်မယ်ဆို ကျွန်တော်တို့ ပြင်ဆင်စရာ ရှိတာ
ပြင်ဆင်ရအောင်လေ။ခုတောင် ညနေစောင်းနေပြီ "
"အင်း "
Yoongi နဲ့ အတူ အတိုင်အဖောက်ညီစွာ
တက်ညီလက်ညီ လုပ်ကြရင်း စားသောက်ပွဲအတွက် လိုအပ်သည်များ ပြင်ဆင်လိုက်ကြသည်။
ဝိုင်နဲ့ အသားများကိုလည်း အိမ်နီးနားချင်းတစ်ယောက်ကို မေးကာ နှစ်ယောက် တူတူ
သွားဝယ်လိုက်ကြသည်။သူတို့နှစ်ယောက် ပြန်ရောက်လာသည့် အချိန်အထိ အိပ်ပုတ်လေးနှစ်ယောက်မှာ မနိုးကြသေးပေ။
အားလုံးပြီးသည့်နောက်မှာတော့ အချိန်အားဖြင့် ခုနှစ်နာရီပင် ထိုးလုတော့မည်ဖြစ်သည်။
ထို့ကြောင့် jungkook အပေါ်ထပ်သို့ ပြန်တက်လာပြီး ကိုကို့ကို မနှိုးသေးပဲ ရေအရင်ချိုးဖို့ ရေချိုးခန်းထဲ ဝင်ခဲ့တော့သည်။ချိုးပြီးနောက်
ခါးတွင် တဘတ်တစ်ထည် ပတ်ပြီး ထွက်လာခဲ့သည်။
အင်္ကျီ မဝတ်သေးပဲ မွေ့ယာထက် အိပ်ပျော်နေဆဲဖြစ်သော ကိုကို့အနား လျှောက်သွားကာ
လက်ထောက်ပြီး မျက်နှာလှလှလေးနား
သူ့မျက်နှာကို တိုးကပ်ရင်း
"ကိုကို "
"......."
"ကိုကို "
ŞİMDİ OKUDUĞUN
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Hayran Kurguကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
