"Kim "
Namjoon ကျောင်းသို့ ရောက်ရောက်ချင်းမှာပဲ
မကြားချင်သော ခေါ်သံနဲ့အတူ
သူ့မျက်စိရှေ့ ရောက်လာသော သူ့ရဲ့ အချစ်ဦး ။
မြင်လျက်နဲ့ မမြင်ချင်ယောင်ဆောင်ကာ
သွားဖို့ တွေးလိုက်သည်။
"Kim ! ကျေးဇူးပြုပြီး...ခနလေးပါ။
တကယ် အချိန် ခနလေးပဲ ပေးပါ "
"ငါ ပြောပြီးသား seokjin !
ငါတို့ကြားမှာ ပြောစရာ စကားမရှိတော့ဘူးလို့"
Seokjin မျက်လုံးများကို စုံမကြည့်ပဲ
ထိုစကားကို ပြောပြီး Namjoon ရှောင်ထွက်ခဲ့လိုက်တော့သည်။ခုချိန် သူ seokjinနဲ့
စကားမပြောချင်ပါ။မပြောနိုင်သေးတာဆို
ပိုမှန်မည်။တစ်သက်လုံးအတွက် ရည်ရွယ်ပြီး
ချစ်ခဲ့ရတဲ့သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသူမို့
ထိုအနာဆိုးသည် seokjinကို တွေ့တိုင်း
တဆစ်ဆစ်ပိုနာသည်။
Seokjin ဒီတစ်ခါတော့ တကယ် လက်မလျော့နိုင်ပါ။Kim ကို ရှင်းပြချင်သည်။ထိုအချိန်တုန်းက
ဓနဂုဏ်၊ပညာဂုဏ်ကို ပိုမက်မောခဲ့မိတာမို့
Kimကို ထားပစ်ခဲ့မိခြင်းပါ။သူ မှားတာ သိပေမယ့် Kim ကို မချစ်လို့ ထားခဲ့ခြင်းမျိုး မဟုတ်ပါ။
Kim ရော၊သူရော လောကကြီးရဲ့ ဒဏ်တွေကို
ခံနိုင်ရည်ရှိဖို့ အတောင်ပံတွေ မစုံသေးတာမို့
Kimကို ပိုကြိုးစားချင်အောင်၊သူ့ကို ရူးသွပ်မနေပဲ
ဘဝကို လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းလို့ရအောင်
လမ်းခွဲခဲ့ခြင်းပင်။
သူ့ဆုံးဖြတ်ချက်ဟာ Kim အပေါ်မှာ မတရားဘူးဆိုတာ seokjin သိခဲ့သည်။သို့သော် သူတို့နှစ်ယောက် အတောင်ပံတွေ စုံလာရင်၊ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်လာရင်
သူ့ရဲ့ မိဘများက ကြည်ဖြူပေးမယ်ဆိုတာကို
သူသိသည်။ဘာလို့လဲဆို seokjin ရဲ့ မိဘတွေက
ဂုဏ်ထူး၊ရာထူးတွေကို ပိုအလေးပေးသော
သူများဖြစ်ကြလို့ပင်။
"Kim !ငါ ငါ တောင်းပန်ပါတယ် ..
တကယ် ခနလေးပါ "
အနောက်ကနေ တောက်လျှောက်လိုက်လာနေသော seokjin ကြောင့် Namjoon စိတ်အိုက်လာသည်။ကျောင်းဝင်းထဲမှာမို့ ဒီလို မြင်ကွင်းမျိုးသည် တခြားသူတွေ အတွက် အဆင်ပြေသလိုရှိပေမယ့် သူ့လို ဆရာအတွက်ကတော့
သိက္ခာ ကျဆင်းစေနိုင်တယ်မလား?
