"စားလို့ အဆင်ပြေလား?"
"အင်း...ပြေတယ်
အရသာရှိတယ်။ဒီလိုလည်း ချက်တတ်တာပဲလား?"
"ကျွန်တော် ပထမဆုံး အကြိမ် ချက်ဖူးတာပါ "
"ဟင်...တကယ်လား?ဘယ်လို ချက်တာလဲ?"
"YouTube က ကြည့်ချက်တာ"
"တော်လိုက်တာ။အကိုဆို သိပ်မချက်တတ်ဘူး"
သူ ချက်ထားသည့် ဟင်းပွဲကို အရသာရှိရှိ
ပါးလေးတွေ ဖောင်းသည်အထိ စားနေသော
အကိုသည် ချစ်စရာကောင်းနေပြန်သည်။
"စားဦးမလား ?"
တစ်ဝက်ကျိုးမှ Jungkook ကို သတိရပုံပေါ်သည်။စားနေရင်း တန်းလန်းပင် သူ့အား
ကြည့်ကာ မေးလာခဲ့သည်။jungkook ခေါင်းရမ်းပြလိုက်သည်။
"တကယ် မစားတာလား ?"
"အင်း "
"အ့ဆို အားမနာတော့ဘူးနော် "
Jungkook ချက်ထားသော ကမာရည်ဟင်းပွဲက
Jimin ကို ခံတွင်းတွေ့စေတာမို့ ခေါင်းမဖော်တမ်းသာ စားနေမိသည်။ထိုကောင်လေးက သူ့အတွက်
ပထမဆုံးအကြိမ် ချက်ပေးတဲ့ ဟင်းပွဲလေးမို့
မြတ်နိုးရသေးသည်။ဖြစ်နိုင်ရင် မစားပဲ
သိမ်းထားချင်မိသော်ငြား သိမ်းထားလို့ မရသည့်
အရာဖြစ်နေတာမို့ သူ့ဗိုက်လေးထဲသာ သိမ်းလိုက်တော့သည်။
"ဝါးး..ဗိုက်တင်းသွားပြီ "
ထိုင်ခုံနောက်မှီကို မှီရင်း ဗိုက်ကို တစ်ချက်ပွတ်ကာ စားပွဲခုံပေါ်က အသင့်ရှိနေသော ရေခွက်ကို ယူကာ သောက်လိုက်တော့သည်။
"ကျွန်တော် သိမ်းလိုက်မယ် "
"နေပါ....အကို သိမ်းမယ်။ခုလို ချက်ပေးတာကို
အားနာနေပြီ "
သူ့စကားကို ဂရုမစိုက်ပဲ ပန်းကန်ကို
ယူသွားတာမို့ jimin ထကာ Jungkook လက်ထဲက ပန်းကန်ကို ပြန်ဆွဲယူရတော့သည်။
"အ့!"
ပန်းကန်ပြန်ဆွဲယူရင်း jungkook လက်ကို
သွားထိမိသည့်အချိန် နာကျင်သော အသံကိုကြားလိုက်ရတာမို့ jimin စိုးရိမ်စိတ်များ ဝင်လာရသည်။
"ဘာဖြစ်တာလဲ?"
"ဘာမှ မဖြစ်ဘူး "
"Jungkook....အကို့ကို မလိမ်နဲ့။
ပြ!လက်မှာ ထိထားတယ်မလား?"
