ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
Hyung ရဲ့ အလုပ်ခန်းတံခါးကို
သုံးချက်ဆင့်ကာ ခေါက်လိုက်တော့
Hyung ဘက်က ဝင်ခဲ့ဖို့ ပြောလာသည်။jimin လက်သီးဆုပ်ကလေး ဆုပ်ပြီးနောက် သက်ပြင်းလေး ချလိုက်သည်။ထို့နောက် တံခါးလက်ကိုင်ဘု လှည့်ကာ ဝင်သွားတော့သည်။"အော်....မင်လေးပါလား? ကိစ္စရှိလို့လား?"
Jimin ဝင်လာတာမှန်း တွေ့သည့်အခါ
ဒယ်ယန်းသည် လုပ်လက်စ အလုပ်များကို ရပ်ပစ်လိုက်သည်။ဒီနှစ်တွေအတွင်း jimin နဲ့သူ ကောင်းကောင်းစကားမပြောဖြစ်တာ အတော်ကြာပြီပင်။"ပြောစရာလေးရှိလို့ပါ "
"အင်း ....ပြောလေ "
Hyung နဲ့ မျက်နှာချင်းဆိုင်က ခုံတွင်
ဝင်ထိုင်ပြီး hyungရဲ့ တည်ကြည်ခံ့ညားသော
မျက်နှာကို ကြည့်လိုက်သည်။hyungသည်
တည်ကြည်သော အပြုံးလေးနဲ့ ကြည့်နေခဲ့သည်။"ကျွန်တော်နဲ့ သား ထွက်သွားပါရစေ"
".........."
Hyung ရဲ့ နှုတ်ခမ်းတို့က ထိုစကား ကြားကြားချင်း အပြုံးတို့ ပျောက်ကွယ်ကုန်သည်။jimin
ဘက်က ဆက်ကာပင်"တောင်းပန်ပါတယ်။hyung ဘေးနားမှာ
ထပ်ပြီး နေဖို့ အဆင်မပြေတော့လို့ပါ ""............"
"Hyungလည်း နားလည်မှာပါ။သားက
ကြာလာရင် သူ့ဒယ်ဒီကို မေးလာတော့မှာ။
Jungkook ကို သိနေတဲ့ သားက Jungkook ကိုတွေ့တဲ့အချိန်ကဒယ်ဒီ ဆိုပြီး ခေါ်ခဲ့တာ။သားကို အရမ်းသနားတယ်။အဖေ ရှိလျက်နဲ့ အဖေ ခေါ်ခွင့်မရသေးတာကို ""............"
"ပြီးတော့ Jungkook အပေါ် hyung လုပ်ခဲ့တာတွေကိုလည်း ကျွန်တော် စိတ်ထဲ မထားတော့တာ ကြာပါပြီ။အခု Jungkook လည်း အရင်အခြေအနေ ဖြစ်နေပြီမို့ပါ။"
"........."
"ကျွန်တော့် သဘောနဲ့ဆို သားလက်ကို ဆွဲပြီး
ထွက်သွားလို့ရပေမယ့် hyung ကို အလေးအနက်ထားလို့ ခွင့်တောင်းနေရခြင်းပါ။hyung နားလည်တယ်မလားဟင်။သားကို မိသားစု စုံစုံလင်လင်နဲ့
ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ခံစားစေချင်တယ်"