💘 Part-51 💘

2.4K 151 25
                                    

"ဒုတိယ အမှန်တရားက?"

" မင်းကို ဘယ်တုန်းကမှ မမုန်းခဲ့တာပဲ။
စက္ကန့်မလပ်  မင်းကို ချစ်နေခဲ့တာ"

"............"

"ပြီးတော့ သားက .... သား မင်ဂုက
အကိုနဲ့ မင်းရဲ့ သွေးသား အရင်း..."

"ဘယ်လို?"

ထိတ်လန့်အံ့ဩသွားသော Jungkook က
မျက်လုံးပင် ဝိုင်းသွားကာ jimin အား မယုံကြည်နိုင်သလို ကြည့်လာသည်။jimin ခေါင်းငြိမ့်ပြလိုက်သည်။မနေနိုင်တော့ပါ။‌အင်ဂျင်နီယာလေးနဲ့  ဝေးခဲ့ရတဲ့ အချိန်ဟာ သူ့အတွက် လုံလောက်ခဲ့ပြီမို့ ထပ်ပြီး အဝေးမခံ၊အဆုံးရှုံး မခံနိုင်တော့ပြီမို့
ပွင့်လင်းစွာ ပြောလိုက်တာ အကောင်းဆုံးပင်။

"ဟုတ်တယ်။မင်းထင်ထားသလို hyung နဲ့ ယူထားတာ မဟုတ်ပါဘူး။အကိုချစ်တဲ့ မင်းရဲ့ သွေးသားကို အကိုကိုယ်တိုင် မင်းမသိအောင်
ဝမ်းနဲ့ လွယ်မွေးခဲ့တာပါ"

Jungkook သည် အံ့ဩလွန်းသွား၍ ပြောစရာ
စကားပင် ပျောက်ရှနေသည်လား မပြောတတ်။
မယုံကြည်နိုင်သလိုပင် ကြည့်နေခဲ့သည်။

"မင်း ရေနွေးပူ လောင်တဲ့နေ့ကို မှတ်မိတယ်မလား?"

"အင်း "

'အင်း'ဟု အသံပေးလာပြီး အင်ဂျင်နီယာလေးကသူ့စကားကို မျှော်လင့်နေသည်။

"အဲ့နေ့က ရေချိုးခန်းထဲမှာ အကိုတို့ ဖြစ်ခဲ့ကြတာကို မှတ်မိတယ်မလား?"

"အင်း"

"အဲ့နေ့က အကို မင်းရဲ့ cum ကို မင်း မသိအောင် ယူထားခဲ့လိုက်ဝာာ။နောက်မှအကို့ရဲ့ cumရော
ယူပြီး မင်းကို ကုပေးခဲ့တဲ့ ဒေါက်တာ jung hoseokကို အကူအညီတောင်းပြီး ခွဲစိတ်ခဲ့တာ"

"........"

"ကြိုတင် စီစဉ်ထားခဲ့တာ။မင်းနဲ့ ဝေးတဲ့အချိန်
မင်းကိုယ်ပွားလေးတော့ အကို့အနားမှာ ရှိနေစေချင်လို့ ဆိုတဲ့ အတွေးနဲ့ ခွဲစိတ်ခဲ့တာ။အကို အောင်မြင်ခဲ့တယ် .. Jungkook ။မင်း ရင်သွေးလေးကို အောင်အောင်မြင်မြင် လွယ်မွေးနိုင်ခဲ့တယ်"

"........."

"သားက အကို့အတွက် အဖော်ပဲ..jungkook။
မင်းနဲ့ ဝေးနေရတဲ့ နှစ်တွေအတွင်း သားက အဖော်ပြုပေးခဲ့တယ်။မင်းကို ရူးမတတ်သတိရတဲ့အခါတွေဆိုရင် သားမျက်နှာလေး ကြည့်ပြီး ဖြေသိမ့်ရတယ်။သားက မင်းနဲ့ အရမ်းတူတာလေ။အေးတိအေးစက်နေတတ်တဲ့ ပုံစံကလည်း မင်းအတိုင်းပဲ။သားကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်တွေမှာ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ခဲ့တာ"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Hikayelerin yaşadığı yer. Şimdi keşfedin