💘 Part-6 💘

1.7K 160 18
                                    

"ငါတို့ ဒီနေ့ရော ဘယ်သွားကြမလဲ Jungkook ?"

"ဘယ်မှ မသွားချင်ဘူး "

"မင်းကလည်း ... yoongi ရှိတဲ့ဆိုင် သွားစားရအောင်။ငါ ရှင်းပါ့မယ် "

"ငါ မစားချင်ဘူး "

"Jungkook ရာ ..."

Taehyung သည် အလိုမကျစွာ နှုတ်ခမ်းလေး မသိမသာ စူမိတော့သည်။ဒီက  yoongi နဲ့
မတွေ့ရတာ သုံးရက်လောက်ရှိနေပြီမို့
လွမ်းနေပြီ ဖြစ်သည်။

"Jungkook "

ဌာနရှေ့က ကားထိုးထားသည့် နေရာမှာပဲ
Jungkook နဲ့ taehyung ရှိရာသို့ jimin
လျှောက်လာတော့ နှစ်ယောက်စလုံး လှမ်းကာ
ကြည့်မိကြတော့သည်။

"ဟင်!jimin hyung က ဘယ်လို ...
မင်းနဲ့ သိနေတာလား ?"

Jungkook နာမည်ကို ခေါ်ကာ လှမ်းလာနေသော
Jiminကို ကြည့်ရင်း Jungkook ကို
Taehyung မေးမိတော့ ဘာဖြေသံမှ ထွက်မလာ။
ကြည့်လိုက်မိတော့ jimin hyungကိုသာ
ငေးကြည့်နေသော Jungkook နားထဲ
သူ့စကားလည်း တိုးပေါက်မည်မထင်ပါ။

"Jungkook အတန်းပြီးပြီလား ?"

"အင်း "

"အကိုနဲ့ ခနလိုက်ခဲ့ပေးလို့ရလား ?"

"ဘယ်ကိုလဲ?"

"ရောက်ရင် သိမှာပေါ့ ..
လိုက်မယ်မလား ?"

Jungkook ခေါင်းငြိမ့်ပြလိုက်တော့
အကိုက လှလှကလေး ပြုံးပြတော့သည်။

"အာ...ဒီက ညီလေး
အကို Jungkook ကို ခေါ်သွားမယ်နော် "

"ဗျာ..ဟုတ် ဟုတ် "

Taehyung မှာ Jungkook နဲ့ jimin ဘယ်လိုသိနေကြလဲ ဆိုတာ စဉ်းစားရခက်နေစဉ် jiminက
စကားပြောလာခြင်းကြောင့် အံ့ဩရင်း
ပြာပြာသလဲ ပြန်ပြောရသည်။

"ကျေးဇူးပါ။အကို့နာမည် Park jimin ပါ "

"ဟုတ်ကဲ့!Kim Taehyung ပါဗျ"

"ဟုတ်ပြီ taehyung ။အ့ဆို အကိုတို့ သွားပြီနော် "

"ဟုတ်ကဲ့ဗျ"

Jungkook သည် သူ့ကားသော့ကို
Taehyung လက်ထဲ ပေးထားခဲ့ပြီး
Jimin hyung နောက်သို့ လိုက်သွားတော့သည်။

Taehyung ကတော့ မိမိလက်ထဲက
ကားသော့ကို ကြည့်ရင်း ညစ်ကျယ်ကျယ်လေး
ပြုံးပြီး စကားလေးတစ်ခွန်း ဆိုခဲ့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now