Jungkook ကို စွန့်ပစ်ခဲ့ရသည့် အချိန်မှစ၍
Jimin ဟာ ဒယ်ယန်းအပေါ် ပိုမုန်းတီးကာ
မျက်နှာချင်းဆိုင် စကားပင် မပြောခဲ့ပေ။
ဒယ်ယန်းသည်လည်း သူ့အနား jimin ရှိနေရင် ရပြီဆိုတဲ့ အတွေးနဲ့ ပုံမှန်အတိုင်းသာ နေခဲ့သည်။
သို့ပေမယ့် ဒီနေ့တော့ မင်လေးနဲ့ သူ စကားပြောရမည်။"မင်လေး!"
သူဝင်လာတာ မြင်သည်နှင့်
မွေ့ယာပေါ် မှေးနေသော jimin က ဆတ်ကနဲ ထကာ စူးစူးရဲရဲ တစ်ချက်ကြည့်သည်။"ကျွန်တော့် အခန်းထဲက ထွက်သွား!"
"ခနလေး။ကိုယ် ပြောစရာရှိလို့"
"ခင်ဗျားလိုလူနဲ့ ပြောစရာ ဘာစကားမှ မရှိဘူး။
ထွက်သွားပေး!!""မင်လေး!ကိုယ် ခနပဲလို့"
"ခင်ဗျား မသွားရင် ကျွန်တော် သွားမယ်"
ဒယ်ယန်းအား ဒေါသထွက်စွာ ပြောခဲ့ပြီး
မွေ့ယာပေါ်မှ ဆင်းကာ အခန်းတံခါးဆီ ဦးတည်လိုက်သည်။"အ့!!"
လက်ကောက်ဝတ်ကနေ ဆွဲလှည့်ကာ
မွေ့ယာပေါ် တွန်းချခံလိုက်ရခြင်းကြောင့်
မနာသော်လည်း လန့်သွားကာ အသံသေးသေးလေးပင် ထွက်မိသွားသည်။"ခင်ဗျား!!"
"ပြော!ကိုယ်နဲ့ မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းသွားတာလား?ဟုတ်လား!"
ပက်လက်အနေအထားနဲ့ jimin ကိုယ်အား
ဒယ်ယန်း အပေါ်ကနေ အုပ်မိုးထားရင်း မေးသည်။
ယခုအချိန်ထိ အရှိန်မပြယ်သေးသော
အကြည့်စူးစူးများက အရောင်တွေပင် ပိုတောက်လာသလိုပင်။"ခင်ဗျား ထင်ထားတာထက် ပိုမုန်းတယ်။
ခင်ဗျား မျက်နှာကို မြင်တိုင်း ကျွန်တော်ချစ်ရတဲ့ Jungkookကို ကျွန်တော်ကိုယ်တိုင် ရက်ရက်စက်စက် စွန့်လွှတ်ခဲ့ရတဲ့ နေ့ကို အမှတ်အရဆုံးပဲ။ဖယ်ပေး!!"မိမိအပေါ်ကနေ အုပ်မိုးလျက် ရှိနေသော
ဒယ်ယန်း ရင်ဘတ်အား တွန်းပေမယ့်
မအောင်မြငိပါပဲ jimin လက်များ ချုပ်ခံလိုက်ရသည် ။"ခုလွှတ်!!"
"ဘာလဲ?ကိုယ်ဖြစ်နေလို့လား?ဟမ်
Jeon Jungkook မဟုတ်နေလို့ အခုလိုတွေ ငြင်းဆန်နေတာလား?"
![](https://img.wattpad.com/cover/343834315-288-k473378.jpg)