💘 Part- 19 💘

2.8K 198 11
                                        

အခြားသူတွေအတွက် နေ့တစ်နေ့ရဲ့ အစကို ဘယ်လို၊ဘယ်ပုံ ဖြတ်သန်းကြလဲ မသိပေမယ့်
သူ့အတွက်တော့ ပထမဆုံးအနေနဲ့ အကိုနဲ့
တစ်ညလုံး အတူတူ ရှိခွင့်ရခဲ့ပြီး ၊ မနက်ခင်း အတူတူ နိုးထခွင့်ရခြင်းက ရင်ထဲ ကြည်နူးနေမိသည်။

မျက်လွှာလေး ချပြီး အေးချမ်း နှစ်ခြိုက်စွာ
အိပ်ပျော်နေသော အကို့ကို မြတ်နိုးစွာ ကြည့်နေမိသည်။ဖြူဖွေးသော အသားအရည်ပိုင်ရှင်မို့
ပါးပြင်လေးများထက် သွေးကြောစိမ်းလေးများ
ယှက်ပြေးနေသည်ကိုပင် မြင်နေရသည်။ဘေးတစောင်းလေး အိပ်နေခြင်းမို့ ဖိအိပ်ထားသော ပါးပြင်လေးတစ်ဖက်က ပိုဖောင်းနေပြီး၊နဂို နှုတ်ခမ်းဖူးလေးကလည်း ယခု သေချာကြည့်မိမှ
ပို ကြွရွ နေသယောင်။ညက သူ စိတ်လွတ်၊ကိုယ်လွတ် နမ်းမိထားခြင်းကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

သူကြည့်နေစဉ်မှာပဲ အကို့ရဲ့ ကိုယ်ငယ်လေးက
တစ်ချက် လူးလွန့်လာပြီး အနွေးဓာတ်ရှိရာ
သူ့ဘက်ကို ပိုတိုးလာသည်မို့ ခန္ဓာကိုယ်ချင်းသာမက ၊မျက်နှာ နှစ်ခုပါ နီးသထက် ပို နီးကပ်သွားတော့သည်။

နီးကပ်နေသော အကို့မျက်နှာလေးကို
တစိမ့်စိမ့်ကြည့်နေမိရင်း နဖူးပြင်ပေါ်က ဆံနွယ်စလေးများကို လက်ညှိုးလေးနဲ့ အသာ ဖယ်တင်ပေးပြီးနောက် မြတ်နိုးစွာ အကို့ နဖူးပြင်လေးအား
နှုတ်ခမ်းပါးနဲ့ ထိကပ်နမ်းလိုက်သည်။

"ခိုးနမ်းတယ်ပေါ့လေ"

အသံထွက်လာသော အကို့ကို အံ့ဩသလိုလေး
ကြည့်မိတော့ ပြီတီတီလေး ပြုံးရင်း သူ့ကို ကြည့်နေခဲ့သည်။နိုးနေသည်ကို အိပ်ချင်ယောင်ဆောင်နေသည့် အကို့အား Jungkook မြတ်နိုးစွာ ကြည့်ရင်း အကို့ကိုယ်ငယ်လေးကို သိုင်းဖက်လိုက်တော့ အလိုက်သင့်လေးပင် သူ့ရင်ခွင်ထဲ ဝင်လာပြီး ခါးကို ပြန်ဖက်လာခဲ့သည်။

"ဘယ်ချိန်ကတည်းက နိုးနေတာလဲ?"

"မင်းဘက်ကို တိုးလားကတည်းက "

ကြည်လင်သော အသံချိုချိုလေးနဲ့ ပြောရင်း
အဝတ်မဲ့နေသော ရင်ဘတ်ကို နှုတ်ခမ်းဖူးဖြင့်
ဖွဖွလေး နမ်းသည်။jungkook ရင်ဘတ်ထဲက
နှလုံးသားလေး သိမ့်ကနဲ လှုပ်ရှားသွားသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now