ဂျွန်အိမ်တော်ကြီးရဲ့ အလုပ်ခန်းထဲမှာတော့
ဟေဆောင်းတစ်ယောက် သားဖြစ်သူ ချန်ထားခဲ့သည့် စေ့စပ်လက်စွပ်ပါသော ကတ္ထီပါ ဗူးအနီကို ကိုင်ထားရင်း တမြေ့မြေ့ ခံစားနေရသည်။
သူမ သားလေးကို ဘယ်လောက်ထိ ချစ်ခဲ့ရလဲ?
ဘယ်လောက်ထိ အနာဂတ်အတွက် မျှော်မှန်းချက်တွေ ထားခဲ့ရလဲ?အခုတော့ သားက
ယောင်္ကျားလေးတစ်ယောက်အတွက်နဲ့ သူ့ပညာရေးကိုပါ စွန့်လွှတ်ခဲ့သည်တဲ့လေ။မိခင် တစ်ယောက်အနေနဲ့ ရင်အနာရဆုံးအချိန်ပါ။ရွှေလိုရင်ရွှေ၊ငွေလိုရင်ငွေ ရနေတဲ့ ဘဝကနေ တောမကျ၊မြို့မကျ မြို့လေးမှာ သွားနေပြီး သူချစ်တဲ့သူအတွက်နဲ့ စိုက်ပျိုးရေးလုပ်ပြီး အဆင်းရဲခံနေနေရသည်ကို သိသိသည့်အခါ ဟေဆောင်း ဖြေမဆည်နိုင်စွာ ငိုကြွေးခဲ့ရသည်။
အချစ်ကို မခံစားဖူးလို့များ ပထမဆုံးအချစ်အပေါ် ထိုမျှလောက်ထိ ရူးသွပ်သွားသလား မသိပါ။သားက သူမကို ကျော်ပြီး Park jimin ဆိုတဲ့ ကောင်လေးကို ရွေးသွားတယ်မလား?
စိတ်မနာသော်လည်း သားများ ပြန်လာမလားဆိုတဲ့ အတွေးနဲ့ အမွေပြတ် စွန့်လွှတ်ကြောင်း
မီဒီယာတွေကနေတစ်ဆင့် ကြေငြာမောင်းခတ်ခဲ့သော်လည်း သားဖြစ်သူဟာ ဂရုပင် စိုက်ပုံမပေါ်။
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
သူမ ခွင့်ပြုလိုက်သည်နှင့် သူမရဲ့ လူယုံတစ်ယောက်ဟာ ဝင်လို့လာခဲ့သည်။
"ဘာတွေ သိခဲ့ရသေးလဲ?"
"သခင်လေးတို့ စစိုက်ပျိုးနေကြပါပြီ"
နေတာကတော့ သူတို့ဆရာရဲ့ အိမ်မှာပဲ နေနေဆဲပါ။အရွှေ့အပြောင်း မရှိသေးပါဘူး "
"အင်း....ဒီတိုင်းလေးပဲ စောင့်ကြည့်ထားပါ။
သားတို့ လိုအပ်တာ ရှိလာခဲ့ရင် မသိအောင် ကူညီပေးပါ"
"ဟုတ်ကဲ့...ဒါနဲ့ မဒမ်။
သခင်လေးတို့ကို ဒီတိုင်းပဲ လွှတ်ထားတော့မှာလား?"
ထိုစကားကြောင့် ဟေဆောင်း ပြုံးလိုက်မိသည်။
"မလွှတ်ထားလို့ မရမက ပြန်ခေါ်လာခဲ့ရင်ရော
သားက ငြိမ်နေမယ်ထင်လို့လား?သူ အရွယ်ရောက်လာပြီလေ။သူ စိတ်ပျော်ရာ အရပ်ဆီ ပျံသန်းနေမှာပဲ။အဲ့တော့ ကျွန်မက ခုချိန်မှာ
သားကို စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်"
