Jungkook ကို လိုက်ပို့ ပေးပြီးသည်နှင့်
Jimin အိမ်သို့ ပြန်လာခဲ့လိုက်သည်။စိတ်ထဲ မနက်ကတည်းက လေးလံနေသော်လည်း Jungkook က ခရီးသွားရမယ့်သူမို့ ထုတ်မပြောဖြစ်ခဲ့ပေ။
သူခုလို ဖြစ်နေတာကလည်း Jungkook နဲ့ မလိုက်ရလို့ပဲ ဖြစ်မှာဟုပင် တွေးထားခဲ့သည်။
တီ တီ တီ
မိမိ ဘောင်းဘီအိတ်ကပ်ဆီက ဖုန်း ringtone သံကြောင့် Jungkook ဆီက များလားဟု အမြန်ပင် ထုတ်ကာ ကြည့်လိုက်မိသည်။ 'beloved '
ဟူသော contact name လေးက ကြိုဆိုနေသည်မို့ jimin မျက်နှာလေး ပြုံးသွားသည်။
"hello "
"Jeon Jungkook ရဲ့ အိမ်ကပါလားရှင်"
Jungkook အသံ မဟုတ်ပဲ မိန်းကလေးတစ်ယောက်ရဲ့ အသံကို အရင်ကြားလိုက်ရသည်။တစ်ဖက်က မိန်းကလေးရဲ့ အသံကို
ဖြေဖို့ jimin အသိကပ်လိုက်ပြီးနောက်
"အာ...ဟုတ်ပါတယ်။jeon Jungkook ရဲ့ အိမ်ကပါ။ဘာကိစ္စရှိလို့လဲဗျ"
"ဟုတ်ကဲ့။ဒီဖုန်းပိုင်ရှင် jeon Jungkook က
အဝေးပြေးလမ်းမပေါ်မှာ ကား accident ဖြစ်လို့
ဘူဆန်က ဆေးရုံကြီးကို ရောက်နေကြောင်း လှမ်းပြောတာပါ"
"ဗျာ...."
"လူနာက အရေးပေါ် အခြေအနေမို့ အမြန်ဆုံး လာခဲ့ပေးပါရှင်"
တစ်ဖက်က ဘာတွေ ဆက်ပြောပြီး၊ဖုန်း ဘယ်ချိန်ချသွားလဲ မသိတော့ပေ။ခြံဝင်းထဲက မြေနီလမ်းလေးပေါ်သို့ jiminရဲ့ ဒူးများ ညွှတ်ကျကာ
ပုံ့ပုံ့လေး ထိုင်လျက်သား ပြုတ်ကျသွားခဲ့သည်။
ကြားလိုက်ရတဲ့ ကိုယ့်နားကိုယ်ပင် မယုံနိုင်။
Jungkook က ကား accident ဖြစ်တယ်။
အရေးပေါ် အခြေအနေမှာတဲ့။
မျက်ရည်စများသည် သူ့အလိုလို စီးကျလာခဲ့သည်။jimin တစ်ယောက် ခေါင်းတွေ ခါရမ်းလာမိသည်။
"ဟင့်အင်း...မဖြစ်ရဘူး။မင်း ဘာမှ မဖြစ်ရဘူး
Jungkook ။မင်း အကို့ကို ဒီလို ထားသွားလို့မရဘူး"
မျက်ရည်စများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ဖိသုတ်ပစ်ပြီး လဲကျနေရာမှ အမြန်ထကာ
ခြံဝင်းအပြင်ဘက် ပြေးထွက်ခဲ့တော့သည်။
ဦးကြီးတို့အိမ်သို့ အမြန်ပြေးသွားရင်း
"ဦးကြီး!ဦးကြီးရေ"
"ဟင်!jimin လေးပါလား?ငိုနေတယ်...,ကိစ္စရှိလို့လားကွယ်.မင်းတို့ ဦးကြီးက ဆေးသောကိပြီး အိပ်နေတယ်ကွဲ့။ဒေါ်ဒေါ်နှိုးပေးမယ်"
