💘 Part-11 💘

1.6K 162 18
                                    

Yoongi မောင်းလာသော ကားလေးသည်
လမ်းမထက် တရွေ့ရွေ့ ပြေးနေတော့သည်။
ကားနောက်ကြည့်မှန်မှတစ်ဆင့် taehyung ၏
အခြေအနေကိုလည်း ကြည့်ရသေးသည်။
ချွေးစလေးများ ရစ်သီနေသော နဖူးပြင်နဲ့အတူ
ထိုင်ခုံကို မှီကာ မှိန်းကာ အိပ်နေသည်။

Taehyung ရဲ့ တိုက်ခန်းကို Jungkook ပြောပြလိုက်ခြင်းကြောင့် ရောက်ရှိခဲ့ပြီဖြစ်သည်။ကားကို ဘေးတွင် ရပ်ပြီး တံခါးဖွင့်ကာ အရင်ဆင်းလိုက်သည်။ပြီးမှ ကားနောက်ခန်းတံခါးကို ဖွင့်ပြီး
Taehyung ကို နှိုးရသည်။

"Taehyung ! Taehyung!"

"ဟင်"

"တိုက်ခန်းရောက်ပြီ "

"ပူတယ် "

"အင်း!အခန်းထဲ ရောက်ရင် ရေချိုးလိုက်နော်"

"လိုက်ပို့ပေး!"

ကားတံခါးကနေ ခေါင်းငုံ့ကာ  ခေါ်နေသော
သူ့လည်တိုင်ဆီ သိုင်းဖက်လာကာ
တိုက်ခန်းအတွင်း လိုက်ပို့ပေးဖို့ တောင်းဆိုလာသည်။

"လိုက်ပို့ပေးလို့!"

"အင်း..အင်း။ကျွန်တော် လိုက်ပို့ပါ့မယ် "

Taehyung ရဲ့ ကျောပြင်နဲ့ ဒူးကောက်ကွေး နေရာတွင် လက်လျှိုသွင်းပြီး ခေါ်လိုက်တော့ အလိုက်သင့်လေးပါလာသည်။ကားတံခါးကို
ခြေထောက်နဲ့ ကန်ပိတ်ခဲ့ပြီး taehyung တိုက်ခန်းဆီ တက်ခဲ့တော့သည်။

တိုက်ခန်းရှေ့ ရောက်သည်နှင့် တံခါးဖွင့်ဖို့ လုပ်သော်လည်း password ခံထားသည်ကို
သိသည့်အခါ ရင်ခွင်ထဲ ရောက်နေသော
Taehyung ကို မေးရပြန်သည်။

"Taehyung !တံခါး password ပြောဦး"

"အင်"

"တံခါး password "

"ခင်ဗျား မွေးနေ့"

"ဟင်"

"ခင်ဗျား မွေးနေ့လို့!"

"အာ...အင်း "

ကြာကြာ ပင် မအံ့ဩနိုင်ပဲ
သူ့မွေးနေ့နံပါတ်ကို ရိုက်ကာ တံခါးဖွင့်ရတော့သည်။တံခါးပွင့်သွားသည်နှင့်
အခန်းထဲ ဝင်ကာ taehyung ကို
ဆိုဖာခုံပေါ် အသာချလိုက်သည်။

"ရောက်ပြီဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး။
အေး‌ဆေး နားပါ "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now