မနက်ခင်းမှာတော့ သူတို့ အားလုံး
နေရာလှလှ လေးတွေဆီ လျှောက်လည်ကြမည်ဖြစ်သည်။မေမေက ခရီးပန်းလို့ဟုဆိုကာ
အိမ်မှာပဲ နေခဲ့သည်မို့ သူတို့သုံးယောက်သာ ထွက်ခဲ့ကြခြင်းပင်။ထုံးစံအတိုင်း ရထားစီးပြီး သွားကြမည်မို့
ရထားစောင့်ရန် ဘူတာနေရာလေးသို့ သွားနေကြသည်။သားကို အလယ်မှာထားပြီး Jungkookနဲ့ jimin က ဘေးကနေ လက်ကို တစ်ဖက်စီ ဆွဲထားကြခြင်းပင်။
"ဒယ်ဒီ!"
"အင်း..သား ပြောလေ "
"အခု ဘယ်သွားမှာလဲဟင်"
"အခု တောင်ပေါ်တက်မလို့လေ။အဲ့ပေါ်မှာ
ကြိုးတံတားရော ရှိတယ်""ကြိုးတံတား?"
"အင်း. ဒယ်ဒီ ဟိုရောက်ရင် ပြမယ်နော်"
"ဟုတ်"
သားကို ပြောပြနေစဉ်မှာပဲ ရထားဆိုက်လို့လာသည်မို့ သုံးယောက်တူတူ တက်ခဲ့တော့သည်။
သားသည် လမ်းဘေးတစ်လျှောက် ရှု့ခင်းများကို ကြည့်ကာ ပျော်လို့နေလေသည်။သားရဲ့ အသံဆာဆာလေးများက ပျံ့နှံ့လို့ နေခဲ့သည်။"ဒယ်ဒီ! ဟိုဟာ ဘာကောင်လဲ?"
"အဲ့တာ မြင်းလေ "
"ပါးပါး ဟိုက ဘာကောင်လဲ?"
"နွားလို့ ခေါ်တယ် သားရဲ့ "
Jungkook ကို တစ်လှည့်၊jimin ကို တစ်လှည့်
သူသိချင်သမျှကို မေးနေသော သားပုံလေးကို
Jimin ပုံရော၊video ပါ ရိုက်ထားလိုက်သည်။ဤသို့နှင့် သူတို့ ဦးတည်လာသော
တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
လျှောက်လည်ကြရင်း နောက်ဆုံး ကြိုးတံတားရှိရာကို ရောက်လို့လာခဲ့သည်။"ဒယ်ဒီ! ဟိုဘက် သွားမယ်"
သားသည် ကြိုးတံတားရဲ့ တစ်ဘက်ကို
သွားချင်ကြောင်း ပြောလို့လာခဲ့သည်။jungkookသားကို ခေါင်းငြိမ့်ပြပြီးနောက်"နေဦးနော်။ သား ပါးပါးက ဟိုဘက်ကို လိုက်လိမ့်မယ်မထင်ဘူး "
"ဘာလို့လဲ?"
"ပါးပါးက ဒီတံတားကို ကြောက်တယ်လေ"
Jungkook ရှင်းပြလိုက်တော့ သားသည်
နားလည်သလိုလေး ခေါင်းငြိမ့်ပြသည်။ထို့နောက်
ရှုခင်းတွေကို ဓာတ်ပုံရိုက်နေသော သူ့ပါးပါးဆီ ပြေးလို့သွားသည်။