💘 Part-25 💘

1.2K 116 16
                                    

အမိမြေကို ပြန်ရောက်ရောက်ချင်းမှာပဲ
Jungkook အတွက် မထင်မှတ်ထားခြင်းများ ကို ကြုံခဲ့ရသည်။

အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ
မေမေသည် သူ့ကို သီးသန့်နားနေခန်းထဲ 
ခေါ်တွေ့ခဲ့သည်မို့ အထုတ်တွေကို အိမ်အကူတွေကိုသာ သူ့အခန်းထဲ ပို့ခိုင်းပြီး မေမေ့ဆီကို သွားလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

"မေမေ...သားပါ "

"ဝင်ခဲ့ "

မေမေ့ဆီက ခွင့်ပြုချက်ရသည်နှင့် တံခါးဖွင့်ကာ ဝင်သွားပြီး မေမေနဲ့ မျက်နှာချင်းဆိုင်က ခုံတွင် ဝင်ထိုင်လိုက်သည်။မေမေ့ရဲ့ မျက်နှာကို ကြည့်တော့ ခက်ထန်ကာ တည်တင်းနေသည်မို့
Jungkook စိုးရိမ်စိတ်‌တော့ ဝင်လာမိသည်။

"မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ...သား "

"သား ဘာလုပ်လို့လဲ...မေမေ"

"အဟက်...ငါ့သားက ခုကျတော့ မခုတ်တတ်တဲ့
ကြောင်သူငယ်လေးလိုပါပဲလား?"

"သားကို ရှင်းအောင် ပြောပါ "

"ရော့!!မင်း ဘာတွေ အရူးထထားလဲဆိုတာ
ကြည့်လိုက်ဦး "

ပြောရင်း စားပွဲပေါ် ပြန့်ကျဲစွာ
ကျလာသည်က ကိုကိုနဲ့ သူ့ရဲ့ Swissခရီးစဉ်တုန်းက ပုံရိပ်တွေ။မေမေ သူတို့နောက်ကို stalker ထည့်လိုက်တာလား?

"ဒါတွေက ဘယ်လို...မဟုတ်ဘူး
မေမေ ဘယ်ကရတာလဲ?"

"အဲ့တာ သားအတွက် အရေးကြီးတယ်လား?
မေမေ့အတွက် ဒီပုံတွေ ဘယ်လိုရလာလဲဆိုတာ
အရေးမကြီးဘူး ။အရေးကြီးတာက မေမေ မွေးထားတဲ့ ယောင်္ကျားစစ်စစ် ဖြစ်တဲ့ သားက
ဘာလို့များ မျိုးတူ ယောင်္ကျားလေးတစ်ယောက်ကို စိတ်ဝင်စားနေလဲဆိုတာ ပဲ သိချင်မိတယ် "

"ဒါက သား ချစ်မိသွားတဲ့ သူက ....
ကို..jimin hyung ဖြစ်နေလို့ပါ "

"သား!မေမေ့ကို သေချာကြည့်ပြီးဖြေ။
မင်း အဲ့ကောင်လေးကို စိတ်ကစားပြီး ကြိုက်တာမလား?အဲ့ကောင်လေးက အရမ်းလှတော့
သားက မိန်းကလေးထင်ပြီး ကြိုက်သွားတာ မလား?"

"မဟုတ်ဘူး ...သား jimin hyung ကို
တကယ်ချစ်တာ။‌ ယောင်္ကျားလေးတစ်ယောက်မှန်း သိသိနဲ့ ချစ်တာ။ဘာလို့လဲ ယောင်္ကျားလေးတစ်ယောက်က အခြား ယောင်္ကျားလေးတစ်ယောက်ကို ချစ်မိလို့မရဘူးလား? အချစ်တစ်ခုမှာ မိန်းကလေးနဲ့ ယောင်္ကျားလေးပဲလို့ ဘယ်သူမှ ပုံသေ သတ်မှတ်မထားဘူးလေ"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now