"Jeon Jungkook!!!!"
မေမေ့ရဲ့ အသံကျယ်ကျယ်ဟာ အိမ်အောက်ထပ်ဆီမှ အပေါ်ထပ်ဆီသို့ ပျံ့လွင့်လို့ လာသည်ကြောင့် အနမ်းဇာတ်လမ်းခင်းတော့မည့်
Jimin နဲ့ Jungkook မှာ ရပ်တန့်လို့ သွားကြသည်။"မင်း မေမေလား?"
"ဟုတ်လောက်မယ်..လာ!
သွားကြည့်ရအောင်"Jungkook သည် jimin လက်ကို ဆွဲကိုင်ရင်း
သွားဖို့ ပြင်တော့ jimin က တားသည်။"နေဦး!"
"ဘာလို့လဲ?"
Jungkook က မေးလာသည့်အခါ jimin
အောက်နှုတ်ခမ်းလေးကို အသာကိုက်မိသည်။"ငါ ငါ ကြောက်တယ်။မင်းမေမေကို မျက်နှာချင်းဆိုင်ရမှာ ကြောက်တယ်"
"ဘာလို့လဲ?"
"ငါ မင်းအပေါ် လုပ်ခဲ့တာတွေ အတွက်
မင်းမေမေ ငါ့ကို စိတ်ဆိုးနေမှာ ငါသိတယ်"ထိုအခါမှ Jungkook သဘောပေါက်တော့သည်။
ကိုကို့လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး
မျက်လုံးချင်းဆုံစေလိုက်သည်။"ကျွန်တော့်ကို ကြည့်ပါဦး"
ကြည့်လာသော ကိုကို့မျက်လုံးလေးများက
လှသည်။"အတိတ်က ဖြစ်ရပ်တွေမှာ ကျူးလွန်ခဲ့တဲ့သူက
ကိုကိုဆိုပေမယ့်၊ ကိုကို့စိတ်၊ကိုကို့ သဘောထား တစ်ခုမှ မပါခဲ့ဘူးလေ။ကျွန်တော် ထိခိုက်မှာစိုးလို့ လုပ်ခဲ့ရတဲ့ အရာတွေမလား? ကိုကို ဘာတွေ ကြောက်နေတာလဲ?"".........."
"ကာယကံရှင် ကျွန်တော်ကတောင် ခွင့်လွှတ်ထားတဲ့ ကိစ္စမှာ မေမေလည်း နားလည်မှာပါ။ကိုကို
မမှားခဲ့ဘူးလေ"".........."
"ကျွန်တော်ပြောတာ နားလည်လား? ကိုကို့ဘေးနား ကျွန်တော်ရော၊သားရော ရှိနေတယ်လေ။
မေမေ့ကို နားလည်လာအောင် ပြောကြမယ်""ငါ-"
"လာပါ။ကျွန်တော် ရော ရှိနေတာကို "
Jungkook ဆွဲခေါ်ရာနောက်ကို jimin သက်ပြင်းတစ်ခုချရင်း ပါသွားရသည်။လှေကားအတိုင်း ဆင်းလာနေသော jimin နဲ့ Jungkook အား
ဧည့်ခန်းထဲက ဆိုဖာခုံတွင် မိန့်မိန့်ကြီးထိုင်ကာ
ကြည့်နေသော မိခင်ဖြစ်သူ ဟေဆောင်းနဲ့ သူမ၏ ဘေးတွင် အရုပ်လေးတစ်ရုပ်နဲ့ ဆော့နေပါသော သူတို့သားလေး မင်ဂု။