💘 Part-42 💘

1K 109 6
                                    

"Jungkook ရယ်!ဘယ်လို ဖြစ်ရတာလဲ?"

Lalaသည် Jungkook အတွက် စိတ်မကောင်းစွာဖြင့် မျက်ရည်ဝဲရင်းပြောလာသည်။taehyungနဲ့  yoongiသည်လည်း မျက်နှာမကောင်းကြပေ။
သူ့အတွက်နဲ့ သူငယ်ချင်းတွေကို စိတ်မထိခိုက်စေချင်တာမို့ Jungkook ပြုံးပြလိုက်ပြီး

"ဖြစ်ရမယ့် ကံ ပါလို့ပဲနေမှာပေါ့။စိတ်မပူကြပါနဲ့။အခု ငါလည်း အဆင်ပြေနေပါတယ်။
ကိုကိုက ဂရုစိုက်ပေးတယ်"

"Jiminshi က ဘယ်သွားနေတာလဲ?"

"အိမ်ကို ခနပြန်သွားတာ။အဝတ်အစားတွေ သွားယူတယ်"

"ဆေးရုံက ဘယ်နေ့ဆင်းရမယ် ပြောလဲ?"

Yoongiက ဝင်မေးလာသည်မို့ Jungkook
Yoongiဘက်ကို ကြည့်ကာ ဖြေရသည်။

"အဲ့တာတော့ မပြောသေးဘူး။အခြေအနေစောင့်ကြည့်ဦးမယ်တဲ့"

"တိုက်တဲ့ကားကိုရော မိလား?"

"ကားက မိတယ်။လူကတော့ ထွက်ပြေးသွားတယ်တဲ့။ရဲတွေကတော့ လိုက်နေပါတယ်"

"ငါထင်တာကတော့ကွာ မင်းကားကို
ဝင်တိုက်တဲ့ ကုန်တင်ကားက  ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တယ်လို့ ထင်တယ်"

Taehyung က  ဝင်ထောက်ပြောတော့
အားလုံးက ဖြစ်စဉ်အပေါ် တွေးဆဆလေး ဖြစ်သွားကြသည်။

"ဒါဆို ဒါက accident မဟုတ်ပဲ သေချာ လုပ်ကြံတာပေါ့"

"မသိသေးဘူး ..lala။ငါက ငါ့အထင်ပြောတာ"

"ထားလိုက်ပါ ..မတွေးကြနဲ့တော့။တစ်နေ့ကျရင်
အဖြေမှန်ပေါ်လာမှာပါ"

Jungkook သည် သူ accident ဖြစ်တဲ့ ကိစ္စကို
ဆက်ကာ မတွေးကြဖို့ ဝင်ပြောသည်။သူ့ကြောင့်နဲ့ သူငယ်ချင်းတွေကို ဒုက္ခမများစေချင်ပါ။

"အော်....သူငယ်ချင်းတွေ ရောက်နေတာပဲ"

Jimin သည် အခန်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့်
Taehyung တို့ကို တွေ့လိုက်ရသည်။မိမိလက်ထဲက ပါလာသော အထုတ်များကို အခန်းထောင့်နားက ဆိုဖာခုံပေါ်တွင် အရင်ချလိုက်ပြီးမှ Jungkook သူငယ်ချင်းများအား နှုတ်ဆက်ရသည်။

"ဘယ်ချိန်ကရောက်နေကြတာလဲ?လာမှာကို ကြိုမပြောဘူး။တစ်ခုခု ပြင်ဆင်လာခဲ့ရအောင်"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now