💘 Part-40 💘

1.4K 121 20
                                    

ရာသီတွေ အလီလီပြောင်းကာ
ဥတုလေးပါး တစ်လှည့်စီ ဖြတ်သန်းပြီးတဲ့နောက်
အင်ဂျင်နီယာလေးနဲ့ ကကြိုးလေးရဲ့ အိမ်ထောင်သက်တမ်းမှာလည်း တစ်နှစ်တင်းတင်းပင် ပြည့်လို့လာခဲ့သည်။

ခြံထွက်သီးနှံများကို ဆိုလ်းမှာ ရောင်းချပြီး
ရလာတဲ့ ငွေအမြတ်လေးက နှစ်ယောက်စာ
သူတို့အတွက် လုံလောက်တာထက် ပိုခဲ့ပါသည်။
စေ့စေ့စပ်စပ် သုံးစွဲသော jiminနဲ့ ကိုယ်မကျွမ်းကျင်သော်လည်း အကောင်းဆုံးကြိုးစားလုပ်ခဲ့သော Jungkook တို့ နှစ်ယောက်သည်
နယ်မြို့လေးရဲ့ အားကျခံ အတွဲလေးဖြစ်နေခဲ့သည်။

အိမ်ငယ်လေးရဲ့ မီးဖိုခန်းထဲမှာတော့ jiminတစ်ယောက် ရှုပ်ရှပ်ခပ်လို့ နေခဲ့သည်။jungkookအတွက် နေ့လည်စာ မှီဖို့အရေး
သူတတ်စွမ်းသလောက် ချက်ပြုတ်ပေးနေမိသည်။jungkookက စိုက်ကွင်းဘက်ကို
သွားနေရသည်မို့ အိမ်မှုကိစ္စတာဝန်များကိုတော့
သူက တာဝန်ယူထားရသည်။

ဝက်သား ကြိုက်တတ်သော Jungkook အတွက်
သုံးထပ်သားကို နူးအိနေအောင် ကင်ပြီး
အတုံးသေးသေးလေးများ လှီးဖြတ်ထားပြီး
Plastic ဗူး အကန့်တစ်ကန့်ထဲ ထည့်လိုက်သည်။
ကျန်အကန့်များထဲမှာတော့ ထမင်းဖြူဖြူရယ်၊
အသားတို့ဖို့အတွက် အသင့်စား sauceရယ်၊အရွက်ကြော်ကို သပ်ရပ်စွာ ထည့်ထားလိုက်ပြီး
အဖုံးပိတ်လိုက်သည်။နောက် plastic ဗူးတစ်ခု ထပ်ယူပြီးနောက် ထမင်းစားပြီး အချိုတည်းဖို့ရာအတွက် ခြံထွက် စတော်ဘယ်ရီများကို ရေသန့်စင်အောင် ဆေးပြီး အစိတ်လေးများ လုပ်ကာ ထည့်လိုက်သည်။စပျစ်သီးတို့ကိုတော့ ရေဆေးပြီးသာ ထည့်လိုက်သည်။ဦးကြီးတို့ခြံက ထွက်သည့် ပန်းသီးများကိုလည်း လက်ဆောင်ရထားတာမို့ အစိတ်များ လှီးကာ ထပ်ထည့်လိုက်သည်။ပြီးသည့်နောက် အဖုံးဖြင့် ပိတ်လိုက်ပြီး
Plastic ခြင်းအပြာရောင်လေးထဲ ထမင်းဗူးနဲ့ သစ်သီးဗူးကို ထည့်ပြီး ၊ရေခဲသေတ္တာထဲက ရေဗူးကိုပါ ထည့်ထားလိုက်သည်။ဒီလိုဆိုရင်တော့
Jungkook အတွက် နေ့လည်စာ ပြင်ဆင်ခြင်း
ပြီးဆုံးပြီဖြစ်သည်။

မီးဖိုခန်းထဲက ထွက်ပြီး တိုင်ကပ်နာရီကို
တစ်ချက်လှမ်းကြည့်လိုက်တော့ စောသေးတာမို့
ရေချိုးပြီး သွားဖို့ တွေးလိုက်သည်။ထို့ကြောင့်
အခန်းထဲက ရေချိုးခန်းဆီကိုသာ ‌ဦးတည်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now