"ကိုကို ခနက ဘာလုပ်နေတာလဲ?"
Jungkook အခန်းထဲက ထွက်လာပြီး
ကိုကို့နားဝင်ထိုင်ရင်း လက်လေးကို ကိုင်ကာ မေးသည်။ကိုကိုသည် မျက်နှာကလေး ကြည်လင်ပြုံးစွာနဲ့ သူ့ပခုံးထက် မှီလာသည်။
"အိမ်ကို ကြည့်ရင်းနဲ့ ရှင်းစရာရှိတာ ရှင်းနေတာ"
"ကျွန်တော်လာမှ မလုပ်ပဲနဲ့။အခုရော ရှင်းစရာ ရှိသေးလား ?"
"မရှိတော့ဘူး။သိပ်ပြီးလည်း မရှင်းလိုက်ရဘူးရယ်"
"ဟုတ်ပါပြီ ....နေ့လည်စာအတွက် ပြင်ရဦးမယ်မလား?"
"အင်း....အဲ့တာတော့ မင်းပဲ လုပ်လိုက်တော့ "
"ဟုတ်ကဲ့ပါဗျ"
ပခုံးပေါ်က ကိုကို့မျက်နှာလေးကို
ငဲ့ကြည့်ရင်း ကိုကို့ပခုံးလေး ဖက်ကာ ထားလိုက်သည်။
"ခု အိမ်မှာ ချက်စရာ ဘာရှိလဲ?"
"ဟင်...ခေါက်ဆွဲနဲ့ ပေါင်မုန့်တွေပဲ ပါလာတယ်"
"အင်း...နေ့လည်စာကိုတော့ ခေါက်ဆွဲပဲ ပြုတ်လိုက်မယ်နော်။ညနေစာအတွက်ကတော့ အပြင်ထွက်ဝယ်ကြမယ်"
"အင်း...."
" ကိုကို အိပ်ချင် အိပ်လေ။ကျွန်တော် ခေါက်ဆွဲ ပြုတ်ထားမယ် "
"မအိပ်တော့ပါဘူး။ရေချိုးလိုက်ဦးမယ် "
"ဟုတ်ပြီဗျ"
ကိုကိုသည် Jungkook ပါးကို တစ်ချက်နမ်းပြီး
အိပ်ခန်းထဲက ရေချိုးခန်းဆီ ဝင်သွားတော့သည်။
Jungkook လည်း ဧည့်ခန်းက ထိုင်ခုံမှထကာ
မီးဖိုချောင်ဘက်ကို သွားကာ ကြည့်လိုက်သည်။
အိုးခွက်၊ပန်းကန် အစုံအလင်နဲ့ ရေခဲသေတ္တာလည်း ရှိသည်မို့ သူတို့အတွက် အဆင်ပြေပါသည်။အိမ်လေးသည် သစ်သားအိမ်ကလေး ဖြစ်သော်ငြား အတွင်းပစ္စည်းများကတော့
ခေတ်မှီသော ပစ္စည်းအစုံအလင်ရှိသည်။ဆရာ Namjoonတို့က နွေရာသီတိုင်း ဒီနေရာလေးကို
လာပြီး အပန်းဖြေတတ်ကြဟုလည်း ပြောပြထားသည်။အခုတော့ သူနဲ့ ကိုကိုရဲ့ နားခိုစရာလေးပေါ့။
ခေါက်ဆွဲပြုတ်ဖို့ရာအတွက် ရေနွေးအိုး အရင်တည်ထားလိုက်သည်။ခေါက်ဆွဲထုတ်ကိုတော့ အရန်သင့် ကပ်ကြေးနဲ့ ညှပ်ကာ ဖောက်ထားပြီး
ပန်းကန်လုံးလေး နှစ်လုံးကိုလည်း အရန်သင့် ပြင်ထားလိုက်သည်။ခေတ္တ စောင့်ပြီးသည့် အချိန်တွင်တော့ ရေနွေးဆူကာ ပွက်လာပြီမို့
ခေါက်ဆွဲခြောက်များ ထည့်လိုက်ပြီး အရသာမှုန့်များလည်း ဖောက်ထည့်လိုက်သည်။အဖုံးကို ခေတ္တ အုပ်ထားလိုက်ပြီး ခေါက်ဆွဲနူးအိမည့် အချိန်ကို စောင့်ရသည်။နှစ်မိနစ်ခန့်လောက် ထပ်စောင့်ပြီးသည့် အချိန်မှာတော့ ခေါက်ဆွဲလည်း အိလာပြီ ဖြစ်သည်မို့ stove ကို ပိတ်လိုက်သည်။
အေးသွားမှာ စိုးသည့်အတွက် ပန်းကန်လုံးထဲ မထည့်သေးပဲ ဒယ်အိုးထဲ ပြုတ်ထားလျက်အတိုင်းသာ ထားလိုက်သည်။
