💘 Part-13 💘

2.8K 197 11
                                        

"jeon Jungkook!!!!!"

ဌာနရှေ့က ကားparking တွင် ကားရပ်ပြီးနောက်
အဆောင်ထဲ ဝင်ရန် ခြေလှမ်းများ လှမ်းစဉ်
ကြားလိုက်ရသည်က အသံဩဩနဲ့ သူ့နာမည်ကို
အော်ခေါ်လိုက်ခြင်း။jungkook ခြေလှမ်းများ ရပ်လိုက်မိသလို ၊မှင်တည်သော မျက်နှာပေးနဲ့သာ
အနောက်ကို လှည့်ကြည့်လိုက်တော့ မျက်မှုန်တွေ ကုပ်ကာ သူ့ဆီ ဒေါနဲ့၊မောနဲ့ လာနေသော
Kim Taehyung ။

"မင်း..!"

အနားရောက်လာသော taehyung က
Jungkook ကို လက်ညှိုးထိုးရင်း ဆိုတော့
'ဘာလဲ'ဆိုသော သဘောနဲ့ Jungkook က
မျက်ခုံးပင့်ပြသည်။

"မင်း ငါ့ကို ဆေးခပ်တာ"

"........."

Taehyung ပြောလိုက်သော်လည်း
Jungkook ပုံစံက ဘာမှ မဖြစ်သလိုနဲ့
ဘာစကားမှလည်း ထွက်မလာ။taehyung ဒေါသထွက်လာရသည်။

"ဟျောင့်!မင်း ငါ့ကို ဆေးခပ်တာမလားလို့ "

"အင်း "

ဖြေလာတော့လည်း 'အင်း'တစ်လုံးသာ။

"ဘာလို့လဲ?ဟမ်...
ဘာလို့လဲလို့ "

"မင်းပဲ min Yoongi နဲ့ အဆင်ပြေအောင် လုပ်ပေးဆို"

"အင်းလေ"

"အင်းလေ"

Taehyung ပြောသလို သံယောင်လိုက်ကာ
ဖြေသည်မို့ ဒေါသလည်း ထွက်သလို၊စိတ်လည်း မရှည်တော့ပါ။

"အဆင်ပြေအောင်ပဲ လုပ်ခိုင်းတာလေ။
ဆေးခပ်ခိုင်းလို့လား?"

Jungkook သက်ပြင်းချကာ taehyung ကို
ခပ်စူးစူးတစ်ချက် ကြည့်ပေးလိုက်မှ
ဇောင်းကြွားကြွား လုပ်နေသည်ကို ရပ်တော့သည်။

"ဒီမှာ...ငါ ပြောတာနားထောင်။
နှစ်ယောက်လုံး အဖြစ်မရှိလို့မှ မျိုသိပ်၊ကြိတ်မှိတ်ပြီး ဖြစ်နေကြတာမဟုတ်ဘူးလား?အဲ့လို လူနှစ်ယောက်ကို နီးစပ်အောင် လုပ်ဖို့က ငါ့အတွက် ဒီတစ်နည်းပဲ ရှိတယ် "

"..........."

"ငါက min Yoongi ကို ဖွင့်ပြောဖို့ မင်းကို လမ်းဖောက်ပေးတောင် မင်းက "ဟင့်အင်း။သူ မုန်းသွားမှာ ငါကြောက်တယ်" ဘာရယ်နဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ဦးမှာ။အဲ့တော့ တစ်ခါတည်း ပြီးသွားမယ့် နည်းလုပ်ပေး လိုက်တာ။မကောင်းလို့လား?"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now