💘 Part-29 💘

1.3K 134 43
                                    

"အကိုရော ...ချစ်မဝဘူး မင်းကို "

ကိုကိုသည် သူ့ရင်ဘတ်ဆီ မျက်နှာအပ်ထားရာမှ
မော့ကြည့်ရင်း ထ်ိုစကားကို ဆိုသည်။jungkook
ကိုကို့ကို ရွှန်းစားသော မျက်လုံးများနဲ့ ကြည့်နေမိသလို၊ကိုကိုသည်လည်း နှုတ်ခမ်းဖူးလေးများက
ရေးရေးလေး ပြုံးကာ ကြည့်နေခဲ့သည်။

ကိုကို့ ကျောပြင်ဆီက သူ့လက်များကို ဖယ်ကာ
ကိုကို့ရဲ့ နားရွက်ဖျားအောက်က လည်တိုင်စပ်နေရာဆီသို့ သူ့လက်များ လျှိုသွင်းကာ မျက်နှာလှလှလေးကို အနည်းငယ် ပင့်စေလိုက်သည်။
ထို့နောက် ခေါင်းငုံ့ကျသွားရင်း ခါးလည်း ကိုင်းလိုက်ကာ ကိုကို့ နှုတ်ခမ်းများကို စတင်ကာ နမ်းရှိုက်တော့သည်။

စစချင်း ခေတ္တပဲ ဖိကပ်ပြီး အပေါ်နှုတ်ခမ်း၊အောက်နှုတ်ခမ်းကို တစ်လှည့်စီ ဆွဲယူ နမ်းသည်။ကိုကိုသည်လည်း သူ့နှုတ်ခမ်းများကို ပြန်ဆွဲယူကာ နမ်းသည်။jungkook ခပ်မြန်မြန်ပင် လျှာဖျားတိုးဝင်လိုက်တော့ ကိုကို့လျှာဖျားက
အလိုက်သိစွာပင် သူ့လျှာကို လာရစ်ပတ်သည်။

"အင်းးး"

Jungkook  အနမ်းအရှိန် မြင့်လာသည်နှင့်
အားမလို၊အားမရဖြစ်စွာ  ကိုကို့ နှုတ်ခမ်းများကို
ပိုတိုးကာ စုပ်ယူရင်း ကြမ်းရမ်းမိသည့်အခါ
ကိုကို့လက်များက သူထိုင်‌နေသော စားပွဲပေါ် ထောက်မိသွားသည်။ယခုဆိုရင် ကိုကိုက လက်ကို စားပွဲပေါ် ကျားကန်သလို ထောက်ထားရင်း
ကိုကို့ကိုယ်က နောက်သို့ ယိမ်းနေသည်။jungkookကတော့ စားပွဲနဲ့ ခါးစပ်ထိနေပြီး အပေါ်ပိုင်းတစ်ခုလုံးက ကိုကို့ ကိုယ်ငယ်ပေါ်
အုပ်မိုးထားသလို ပုံစံမျိုးနဲ့ ခါးကိုင်းကာ ကိုကို့ နှုတ်ခမ်းများကို မွတ်သိပ်စွာ ခပ်ကြမ်းကြမ်း
နမ်းနေမိခြင်း။

ကိုကိုက အသက်ရှူကြပ်ကြောင်း
ရင်ဘတ်ကို ထုလာတော့ သူ့နှုတ်ခမ်းများက
ကိုကို့ နှုတ်ခမ်းများဆီက ဖယ်ခွာကာ လည်တိုင်ဖွေးဖွေးဆီ လျှောဆင်းသွားသည်။နှာခေါင်းနစ်ဝင်သည်အထိ လည်တိုင်ဖွေးဖွေးကို တစ်ချက် ရှိုက်နမ်းပြီးနောက် ပါးစပ်ဖျားနဲ့ လည်တိုင်ဖွေးဖွေးအနှံ့ စုပ်ယူသည်။ကိုကိုသည် ခေါင်းလေး မော့ပေးထားသည့်အတွက် Jungkook အတွက် ပို အဆင်ပြေသည်။လည်တိုင်ဆီမှ မျက်နှာဆီ ပြန်ဆန်တက်ပြီး ကိုကို့ မျက်နှာအနှံ့ နှာခေါင်းနဲ့ ပွတ်ဆွဲပြီး နှုတ်ခမ်းတစ်စုံနဲ့ နမ်းသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now