💘 Part-30 💘

2.4K 159 5
                                        

"Jungkook !jimin hyung နဲ့ သွားမတွေ့ဘူးလား?"

"အင်း "

အတန်းချိန်တစ်ချိန်ပြီးလို့ နောက် ဘာသာရပ်ဆရာ ဝင်မလာသေးသည့်အချိန် taehyung
တစ်ယောက် ပုံမှန်ထက် ငြိမ်ကုပ်နေသော Jungkook ကို စကားစမိသည်။ထင်သည့်အတိုင်း
ဟိုနေ့ကကိစ္စနဲ့  ပတ်သက်ပြီး jimin hyung ကို
Jungkook စိတ်ဆိုးနေတုန်းပင်။အကယ်၍ Jungkook နေရာမှာ သူဆိုလျှင်လည်း သေချာပေါက် စိတ်ဆိုးမိမှာပင်။

နောက် ဘာသာရပ်ဆရာလည်း ရောက်လာပြီမို့
Taehyung စကားဆက်မပြောမိတော့ပေ။

ဤသို့နှင့်-

"ဟဲ့!ကန်တင်း သွားကြမယ်"

နေ့လည်စာ စားချိန် ရောက်သည်နှင့်
Lalaသည် သူတို့အတန်းဘက်သို့ ရောက်လာတော့သည်။

"ငါ စားချင်စိတ်မရှိဘူး "

Jungkook သည် ထို တစ်ခွန်းပြောကာ
အိမ်စာပေးသွားသည့် စာများကို ရေးနေသည်။
Lalaသည် taehyung အား မျက်ခုံးပင့်ကာ ပြတော့ taehyung က ပခုံး တွန့်ပြသည်။

"နင်ကလည်းဟယ်!ရှိတာမှ ဒီသူငယ်ချင်းလေး
သုံးယောက်ထဲကို လိုက်ခဲ့ပါဟာနော် "

".........."

Lalaသည် Jungkook ဘေးနား ဝင်ထိုင်ရင်း
လက်မောင်းကို လှုပ်ကာ ပူဆာသလို လုပ်ပြသည်။

"နော်ဟယ်!ငါလည်း နင် jimin shiနဲ့ တွေ့ရင်
လိုက်ခဲ့ပေးတာကို "

"............"

Jimin ဆိုသည့် နာမည် ကြားသည့်အခါ အင်ဂျင်နီယာလေး၏ ဘောပင် ကိုင်ထားသော လက်များ တန့်သွားသည်။

"Jungkook လို့.."

"ကျစ်!သွားမယ် "

Jungkook သည် စုတ်တစ်ချက် သပ်ကာ
စာအုပ်၊ဘောပင်တို့ကို သိမ်းပြီး ဦးဆုံးထသွားသည်မို့ lala နဲ့ taehyung လည်း နောက်က လိုက်ကြရသည်။

ကန်တင်းကို ရောက်သည်နှင့် အရိပ်ရသော နေရာလေးတွင် သုံးယောက်သား ဝင်ထိုင်ကြသည်။

"Taehyung ၊jungkook..ဘာစားကြမလဲ?"

Lalaသည် menu ကိုကြည့်ရင်း
Jungkook နဲ့ taehyung ကို မေးသည်။

Taehyung က ကင်မ်ချီ ထမင်းကြော်တစ်ပွဲနဲ့
ပင်လယ်စာစုံ တစ်ပွဲမှာသည်။jungkookကတော့
အအေးတစ်ခွက်သာ မှာလိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Hikayelerin yaşadığı yer. Şimdi keşfedin